Friday, March 10, 2023

ကွန်ပြူတာနည်းပညာအကြောင်း တစေ့တစောင်း


ကွန်ပြူတာ ရဲ. လုပ်ဆောင်ချက် ၄မျိုးလုံး (input, process, output, store) ကို
သုံးထားတယ်ဆိုတာကို တွေ.နိုင်ပါတယ်။
The language of computers ( Bits and Bytes)
How do computers process data into information
ကွန်ပြူတာတွေဟာ လူတွေနဲ.မတူပါဘူး။သူ.မာ ဘာသာစကားတစ်ခုပဲရှိပြီးတော့
သူကနံပါတ်တွေနဲ.ပဲ အလုပ်လုပ်ပါတယ်။ data ကို information အဖြစ်ပြောင်းရာမာ
ကွန်ပြူတာဟာ သူနားလည်တဲ့ ဘာသာစကားနဲ. အလုပ်လုပ်ပါတယ်။
အဲဒီဘာသာစကားကို binary language လို.ခေါ်ပါတယ်။ binary language မာ
ကကြီး၊ခကွေး စတဲ့ အက္ခရာတွေမပါတဲ့အပြင် သူ.မာ သုည (ဝ) နဲ. တစ် (၁) သင်္ချာဂဏန်း
၂ လုံးပဲပါပါတယ်။အဲဒီ ဝ နဲ. ၁ ၂ခုပေါင်းမဟုတ်ပဲ တစ်ခုချင်းစီကို binary digit
(အတိုကောက် bit) လို. ခေါ်ပါတယ်။ bits ပေါင်း ၈ ခုပါတဲ့အတွဲတစ်တွဲကို byte လို.
ခေါ်ပါတယ်။ ဘာဖြစ်လို. ၈ခုပါတဲ့အတွဲကျမှ ဒီနာမည်လာပေး ရလဲဆိုတော့ ကျနော်တို.
ကွန်ပြူတာမာ ရိုက်ထည်.သမျှ a , b , c, 1 ,2 ,@, &, (words, numbers, special
characters) တွေအားလုံးဟာ bitsပေါင်း၈ခုပါတဲ့ byte (or) bits အတွဲဖြစ်လို.ပါပဲ။
ဥပမာအားဖြင့် - ကျနော်တို. ကီးဘုတ်ကနေ k လို.ရိုက်လိုက်တဲ့အခါမာ ကွန်ပြူတာက k
လို. မသိပဲ01001011 အနေနဲ.ပဲ သိတာပါ။
Quote:
ကျနော်တို.ပြန်ကြည်. ရအောင်။ ကွန်ပြူတာက data ကနေ information ဖြစ်ဖို.အတွက်
သူနားလည်တဲ့ဘာသာစကားကို သုံးရပါတယ်။အဲဒီဘာသာကို binary language လို.ခေါ်ပါတယ်။
သူ.မာ ဝ နဲ. ၁ ဂဏန်း ၂လုံးပဲပါပြီး အဲဒီ ဝ (သို.) ၁ ကို binary digit (bit) လို. ခေါ်ပါတယ်။ bits
ပေါင်း ၈ခုကိုပေါင်းထားတဲ့ အတွဲကို byte လို.ခေါ်ပြီး ကီးဘုတ်ပေါ်က စာလုံး၊နံပါတ် တွေဟာ byte
တစ်ခုစီနဲ. ညီမျှပါတယ်။
Bits and bytes အသုံး
Bits and bytes တွေဟာ ကွန်ပြူတာကို ဘာလုပ်ပါလို.ပြောတဲ့
ဘာသာစကားတင်မဟုတ်ပဲ ကွန်ပြူတာက inputs and outputs လုပ်တဲ့ data နဲ.
Information တွေကိုလဲ ကိုယ်စားပြုပါတယ်။
ဆိုလိုတာက ကျနော်တို. မော်နီတာပေါ်မာ မြင်နေ ရတဲ့ Microsoft word fileတွေ ၊
ဓါတ်ပုံတွေသာမက software တွေကိုလဲ ကွန်ပြူတာကနေ ဓါတ်ပုံတွေအဖြစ်မြင် ရတာ
မဟုတ်ပဲ bits နဲ. Bytes အတွဲလိုက်ကြီးတွေအဖြစ် မြင်တာပါ။အဲဒီ ဖိုင်တွေဟာ
တော်တော်ကြီးမားလို. ထောင်၊သောင်း၊သိန်း၊သန်း အထိ bytes တွေပါတတ်ပါတယ်။
ကြီးလွန်းလို. ရေတွက် ခေါ်ဆိုရတာလွယ်အောင် byte ထက် အရွယ်အစားပိုကြီးတဲ့
အရေအတွက်ကို ခေါ်ဆိုရည်ညွန်းတဲ့ အမည်တွေကို ပေးရပါတယ်။ကျနော်တို. ကြားဖူး
မြင်ဖူးနေကျတွေပါ။
KB, MB, GB, စတာတွေပါပဲ။
Byte (B) 1 byte
စကားလုံးတစ်လုံး အတွက်ပါပဲ။
Kilobyte (KB) 1024 bytes
သူ.ကျတော့ စာလုံးပေါင်း ၁၀၂၄ ဒါမှမဟုတ် word လိုမျိုးမာ
ရိုက်နိပ်ထားတဲ့ စာမျက်နှာတစ် ဝက်စာ စာတွေအထိ ဆန်.ပါတယ်။
Megabyte (MB) 1,048,576 bytes
ဟော သူ.ကျတော့ အဲလိုရိုက်ထားတဲ့ စာမျက်နှာပေါင်း ရ၆၈ အထိလောက်ကို
ဆန်.ပါတယ်။
Gigabyte (GB) 1,073,741,824 bytes
ဒီမာကျတော့ ပျမး်မျှအားဖြင့် စာမျက်နှာပေါငး် ရ၈၆၄၃၂ ဆန်.ပါတယ်။ ကျနော်တို.
စာရွက်ပေါင်း၅၀ကို ထပ်လိုက်ရင် အမြင့်ဟာ ၂လက်မလောက်ရှိပါတယ်။
အဲလိုတွက်မယ်ဆိုရင် 1GB မာ ပေပေါင်း ၂၆၂ ပေမြင့်တဲ့ စာရိုက်ထားတဲ့ စာရွက်အတွက်
နေရာရှိပါတယ်။
Terabyte (TB) 1,099,511,627,776 bytes
ဒါကတော့ သိပ်များသွားပြီ ပေနဲ.မ ရတော့ဘူး။ သူ.ကျတော့ မိုင်ပေါင်း ၅၁ မိုင်စာမြင့်တဲ့
စာရွက်ထပ်ကို ဆန်.ပါတယ်။
Petabyte (PB) 1,125,899,906,842,620 bytes
များများလာပြီ ဒီမာကျ မိုင်ပေါငး်ကို ၅၂၀ဝ၀ အထိရှိလာပါတယ်။ ဒါက ကမ္ဘာနဲ.လ
အကွာအဝေးရဲ. ၄ပုံ၁ပုံစာ အကွာအဝေးနဲ. ညီပါတယ်။
Exabyte (EB) 1,152,921,504,606,846,976 bytes
ဟော..... တွက်ရတာတောင် ညောင်းလာပြီတဲ့။ သူက မိုင်ပေါငး်ကို
၅၂သန်းအထိမြင့်သွားပြီ။ သူ.ကျတော့ ကမ္ဘာနဲ. သောကြာဂြိုလ်အကွာအေ ဝးရဲ . ၂ဆ
လောက်ကိုရှိတယ်ဆိုတော့ သောကြာဂြိုလ်ကို အသွားအပြန်လုပ်လို. ရတာပေါ့နော်။
Zettabyte (ZB) 1,180,591,620,717,411,303,424 bytes
ကဲ....နောက်ဆုံးလေးကတော့ မိုင်ပေါင်း ၅၂ ဘီလီယံစာရှိတယ်ဆိုပဲ။ သူ.ကိုလဲ
ဥပမာပေးရရင် ကမ္ဘာနဲ. အဝေးဆုံးဖြစ်တဲ့ ပလူတိုဂြိုလ်ကိုတောင် အသွားအပြန် ၁၀
ကြိ်မ်စာ ရှိတယ်တဲ့ဗျာ။
Google ရဲ . Search engine ဟာ ပျမး်မျှအားဖြင့် တစ်နာ ရီမာ 1 petabyte ရှိတဲ့ data
တွေကို process (လုပ်ဆောင်) ပါတယ်။ bits အနေနဲ.သာ တွက်ကြည်.ရင်တော့ ----
မနည်းဘူးပေါ့နော်။
How does a computer process bits and bytes
Bits , bytes တွေအကြောင်းပြောပြီးပြီဖြစ်လို. အခု ကွန်ပြူတာက ဒီ bits တွေ bytes
တွေကို ဘယ်လို process လုပ်သလဲဆိုတာ နည်းနည်းလေးကြည့်ရအောင်...............။
ကွန်ပြူတာဟာ data ကို information အဖြစ်ပြောငး်လဲဖို. လုပ်ဆောင်ရာမှာ
software နဲ.
Hardware နှစ်မျိုးစလုံးကို သုံးပါတယ်။ဒီလို data တွေကို information
အဖြစ်ပြောင်းခြင်းဟာ Microsoft word မာ စာရိုက်တာ၊ဂိ်မး်ကစားတာ စတဲ့
လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို.အတွက်ပါပဲ။
” ကွန်ပြူတာ ရဲ. Hardware ဆိုတာဟာ ကွန်ပြူတာ ပုံမှန်အလုပ်မလုပ်တဲ့အခါ မျိုးမာ ထုနှက်
ကြိတ်ကန်လို. ရတဲ့ ကွန်ပြူတာ ရဲ. မည်သည့်အစိတ်အပိုင်းကိုမဆို ညွန်းတယ်” လို.
ဟာသသဘောဟန်ဟန် အပြောရှိဘူးပါတယ်။
Hardware ရဲ. Definition ကို ဒိလို ဖွင့်ဆိုထားပါတယ်။
Quote:
“ any part of the computer you can physically touch.”ရုပ်ပိုင်းအားဖြင့် ထိတွေ.ကိုင်တွယ်လို.ရတဲ့ ကွန်ပြူတာ ရဲ .အစိတ်အပိုင်းမှန်သမျှဟာ
hardware ဖြစ်ပါတယ်။
အပေါ်မှာ ပြောခဲ့သလို ကွန်ပြူတာဟာ hardware တစ်ခုတည်းနဲ. ဘာမှမလုပ်နိုင်ပါဘူး။
software နဲ. Hardware ပေါင်းမှ ကွန်ပြူတာက အလုပ်လုပ်လို. ရတာပါ။ဥပမာ -
စကားလုံးမပါတဲ့ စာအုပ် ဒါမှမဟုတ် သီချင်းပါမလာတဲ့ သီချင်းစီ ဒီခွေလိုပေါ့။ စကားလုံးနဲ.
သီချင်းတွေမရှိ ရင် ဒီစာအုပ်နဲ. စီဒီခွေတွေဟာ ဘာမှမပါတဲ့ အခွံလွတ်ကြီးတွေပါပဲ။
ကွန်ပြူတာ ရဲ . Hardware တွေဖြစ်တဲ့ monitor, printer, keyboard စတာတွေဟာလည်း
software ဆိုတာမရှိရင် အခွံလွတ်ကြီးတွေပါပဲ။
SOFTWARE
Software is the set of computer programs that enables the hardware to
perform different tasks.
Software ဆိုတာဟာ ကွန်ပြူတာ hardware ကို လုပ်ဆောင်ချက်တွေ လုပ်နိုင်အောင်
ပြုလုပ်ပေးတဲ့ ကွန်ပြူတာ ပရိုဂ ရမ်အစုအဝေးဖြစ်ပါတယ်။ software ကို
ကဏ္လနှစ်မျိုးခွဲထားပါတယ်။ application software နဲ. System software
ဖြစ်ပါတယ်။ကျွန်တော်တို. Software လို.ပြောလိုက်တဲ့အခါ အများစုစဉ်းစားမိတာက
application software ဖြစ်ပါတယ်။
1. Application software
Application software is the set of programs you use on a computer to help
you carry out tasks such as writing a research paper.
Application software ဆိုတာဟာ စာစီစာရိုက်ခြင်းလိုမျိုး လုပ်ဆောင်ချက်တွေကို
လုပ်နိုင်အောင် ကူညိပေးတဲ့ ကွန်ပြူတာ ပရိုဂ ရမ်အစုအဝေးတွေဖြစ်ပါတယ်။
Program
ကျွန်တော်တို. အပေါ်မှာ သုံးခဲ့ပါတယ်..။ program ဆိုတာပေါ့။ program ဆိုတာဟာ
ညွန်ကြားချက် အစုအေ ဝးတွေဖြစ်ပါတယ်။အဲဒိညွန်ကြားချက်တွေက ကွန်ပြူတာကို
လုပ်ဆောင်ချက်တွေကို လုပ်ခွင့်ပေးတာ ဖြစ်ပါတယ်။
စာစီစာရိုက် (typing in a document), စာရင်းဇယား (creating spreadsheet),
ဓါတ်ပုံတည်းဖြတ်ခြင်း(editing digital photo) စတာတွေဟာ application software
တွေကို အသုံးပြုခြင်းအားဖြင့် ဖြစ်လာတာပါ။
2.System software
System software is the set of programs that enables computer’s hardware
devices and application software to work together.
System software ဆိုတာက ကွန်ပြူတာ hardware ပစ္စည်းတွေ (keyboard, monitor,
printer) နဲ. Application softwareတွေ(photoshop, excel, word)တွေ
အတူတူလုပ်ဆောင်နိုင်ခွင့်ပေးတဲ့ ပရိုဂရမ် (ညွန်ကြားချက်အစုအေ ဝး) တွေ ဖြစ်ပါတယ်။
အတွေ.အများဆုံး system software ကတော့ operating system (OS) ဖြစ်ပါတယ်။
OS ဟာ ကွန်ပြူတာ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ညွန်ကြားတဲ့ program ဖြစ်ပါတယ်။
OS ဟာ ကွန်ပြူတာ hardware ကို စီမံကိုင်တွယ်ပါတယ်။ ဥပမာ -monitor, printer.
ဒါအပြင် OS ဟာ ကွန်ပြူတာနဲ. အသုံးပြုသူအကြား ဆက်သွယ် ရာမှာ
ကူညီပံ့ပိုးပေးပါတယ်......။
COMPUTER
Are all computers the same?
ကျွန်တော်တို. ကွန်ပြူတာလို. ပြောတဲ့စက်ကိ ရိ ယာအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
ကွန်ပြူတာဆိုတာ hardware and software ပေါင်းစပ်ထားတာဆိုတာကို အပေါ်မှာ
ပြောခဲ့ပြီးသားပါ။ ကွန်ပြူတာကို တည်ဆောက် ပုံ (ဒီဇိုင်း)ဖြင့် အမျိုးအစား ခွဲမယ်ဆို ရင် ၂
မျိုး ခွဲနိုင်ပါတယ်၊
portable and stationary တို. ဖြစ်ပါတယ်။
Portable computers (အလွယ်တကူသယ်ယူလို.ရသော)
1. Notebook computer (or laptop)
Notebook computer သို.မဟုတ် laptop computer (lap ဆိုတာ ပေါင်၊top ဆိုတာ
အပေါ်မာ ၊laptop = ပေါင်ပေါ်တွင် ၊ဒါကြောင့် laptop computer ဆိုတာ ပေါင်ပေါ်မှာ
ထားသော ကွန်ပြူတာ) ၊သူ.မာ ဘက်ထ ရီအပြင် လျှပ်စစ်မီးအားဖြင့် အားသွင်းဖို. ကြိုးလဲ
ပါတတ်ပါတယ်။laptop ကွန်ပြူတာမာ keyboard, monitor, mouse
စတာတွေအားလုံးကို အကုန်ပေါငး်စပ်ထည့်သွင်းထားပါတယ်။
2.Netbook
Netbook ကတော့ notebook အသေးစားဖြစ်ပါတယ်။သူက notebook ထက်ပိုသေး
ပိုပေါ့ပြီး ဘက်ထရီသက်တမ်းကလဲ notebook
ထက်ပိုမိုကြာရှည်ခံပါတယ်။သူ.ရဲ .အရွယ်အစားက 7 ကနေ 10
လက်မဝန်းကျင်ဖြစ်ပါတယ်။
(မှတ်ချက် - ၂၀ဝ၉ ခုနှစ်လောက်တုန်းက netbook ဟာ တော်တော်လေးအပြောများခဲ့ပြီး
2010 အကျော်ပိုင်းမှာတော့ မတွေ. ရတော့သလောက် ဖြစ်နေပါပြီ)
3.Tablet PC
Tablet ဆိုတာကတော့ notebook နဲ. ဆင်တူဖြစ်ပေမယ့် သူ.မာ touch sensitive
screen (အထိအတွေ.ကို ခံစားနားလည်နိုင်တဲ့ စကရင် ) ပါပါတယ်။Tablet မာ data တွေ
ထည့်သွင်းတာ commands တွေပေးတာတို.ကို stylus လို.ခေါ်တဲ့ ဘောပင်တမျိုး (သို.)
fingers (လက်ချောင်း) တွေကို အသုံးပြုပါတယ်။
ဥပမာ - ipad
Stationary Computers (ပုံသေတည်နေရာမှာပဲရှိတဲ့ ရွေ.ပြောင်းရန်ခက်တဲ့ ကွန်ပြူတာ)
1.Desktop Computer
Desktop computer မာက monitor သပ်သပ်၊ keyboard က သပ်သပ်၊ printer က
သပ်သပ်၊ system unit က သပ်သပ် စသည်ဖြင့် ခွဲခြားတည်ရှိပါတယ်။
2.All in one Computer
သူ.ကျတော့ desktop computer နဲ. ဘာကွာသလဲဆိုတော့ သူ.မှာက processor,
memory တို.နဲ.အတူ monitor ကြီးဟာ တနေရာတည်း (တခုတည်း)ဖြစ်တာပါပဲ။
ဥပမာ = Apple iMac, Dell studio One
အပေါ်မှာ ကျွန်တော်တို. ဆွေးနွေးခဲ့တဲ့ ကွန်ပြူတာတွေအားလုံးကို Personal Computer
(PC) စာရင်းထဲမာ ထည့်လို.ရပါတယ်။ ဒါဖြင့် တခြားကွန်ပြူတာအမျိုးအစား
ရှိသေးသလား။
Desktop နဲ. Notebook(laptop) ကွန်ပြူတာတွေကို အတွေ.အများဆုံးဖြစ်ပေမယ့်
ကျွန်တော်တို. တွေ.လေ့တွေ.ထမရှိပေမယ့် အေ ရးကြီးပြီး လိုအပ်တဲ့ တခြားကွန်ပြူတာ
အမျိုးအစားများလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ .........................
1. Mainframe Computer
Mainframe computer ဟာ အရွယ်အစားအားဖြင့် ကြီးလဲကြီးသလို ဈေးကြီးလဲ
တော်တော်လေးကို ကြီးပါတယ်။ သူ.ရဲ . အဓိကစွမ်းဆောင်ချက်ကတော့ အသုံးပြုသူ
(users) ရာပေါငး်များစွာကို တပြိုင်နက်တည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်ခြင်း
ပဲဖြစ်ပါတယ်။ဆိုလိုတာက သူ.မာ ကွန်ပြူတာပေါင်းများစွာ ရှိတယ်ပေါ့ ။
2. Supercomputer
Supercomputer ကတော့ အထူးတီထွင်ပြုလုပ်ထားတဲ့ ကွန်ပြူတာဖြစ်ပြီး သူဟာ
ရှုပ်ထွေးများပြားလှတဲ့ တွက်ချက်မှုများကို အလွန်မြန်ဆန်သောနှုန်းနဲ.
တွက်ချက်နိုင်ပါတယ်။ သူ.ကို သင်္ချာဂဏန်းဆိုင် ရာ တွက်ချက်မှုတွေမာ အသုံးပြုပါတယ်။
ဥပမာ - ရာသီဥတု ပြောပြတဲ့ weather forecasting (မိုးလေဝသခန်.မှန်းခြင်း) တွေမာ
အသုံးပြုပါတယ်။
Mainframe နဲ. Supercomputer တို.ရဲ . အဓိကခြားနားချက်ကတော့ supercomputer
တွေဟာ တွက်ချက်မှုတွေကို အမြန်ဆုံးနှုန်းဖြင့် တွက်ချက်နိုင်ခြင်းပဲဖြစ်ပြီး၊ mainframe
computer တွေကတော့ ပိုမိုနှေးကွေးသောနှုန်းဖြင့် ပိုမိုများပြားတဲ့ တွက်ချက်မှုတွေကို
လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။
3. Embedded Computer
Embedded computer ကလဲ အထူးတီထွင်ပြုလုပ်ထားတဲ့ ကွန်ပြူတာဖြစ်ပြီး သူကတော့
တခြားစက်ပစ္စည်းတွေရဲ .အထဲမာ ထည့်သွင်းထားခြင်းကို ခံရပါတယ်။ သူ.ကျတော့
အသုံးပြုသူနဲ. တိုက်ရိုက်ထိတွေ.ခြင်းမရှိတတ်ပါဘူး။
ဥပမာ = ကားထဲက မိုင်နှုန်းတွက်ချက်တာတွေကိုလုပ်ပေးတဲ့ ကွန်ပြူတာမျိုး
ဒီစာကို ဖတ်ပြီးချိန်မာတော့ ကွန်ပြူတာကို အကြမး်အားဖြင့် (နာမည်အခေါ်အေ ဝါ်ဖြင့်)
ခွဲခြား၊သိရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အသေးစိတ် ပိုမိုသိရှိ လေ့လာလိုသူများ google search , wikipedia စသည်တို.တွင်
အထက်က ကွန်ပြူတာအမည်နာမများကို ရိုက်သွင်းရှာဖွေနိုင်ပါတယ်။
Quote:
Computer = hardware + software
HARDWARE
ကွန်ပြူတာ ရဲ. Hardware ပိုင်းဆိုင်ရာ လေ့လာကြည့်ခြင်း
hardware ကို အကြမး်အားဖြင့် လေးမျိုးခွဲခြားနိုင်ပါတယ်။
Hardware = input devices + output devices + storage devices + processing
devices
1. Input Devices
Input devices တွေရဲ . အဓိက လုပ်ဆောင်ချက်ကတော့ အသုံးပြု (သင့်)ကို data (text,
images, sounds) သတင်းအချက်အလက် တွေနဲ. Instructions (user responses and
commands) ညွန်ကြားချက်များ ၊ခိုင်းစေလုပ်ဆောင်ချက်တွေကို ကွန်ပြူတာထဲ
ထည့်သွင်းလို.ရအောင် လုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။
အပြောများဆုံး အဓိကကျဆုံး အသုံးအများဆုံး input devices ကတော့ keyboard နဲ.
Mouse ပဲ ဖြစ်ပါတယ်။
Keyboard ကို data နဲ. Commands တွေကို ထည့်သွင်း(ရိုက်သွင်း) ရာမှာ သုံးပြီး
Mouse ကို responses and commands တွေကို ထည့်သွင်း(ပြောပြ)ရာမှာ သုံးပါတယ်။
Microphone, scanner, digital camera တို.ဟာလဲ input device များပဲဖြစ်ပါတယ်။
Stylus ကလဲ မင်ရည်မပါတဲ့ ဘောပင်ပုံစံရှိတဲ့ ပေါ့ပါးတဲ့ input device တမျိုးဖြစ်ပါတယ်၊
သူ.ရဲ .အသုံးကတော့ mouse နဲ. အတူတူဖြစ်ပြီး screen ပေါ်မှာ tapping သို.မဟုတ်
drawing လုပ်ခြင်းအားဖြင့် commands တွေပေးနိုင်ပါတယ်။
Electronic pen ဆိုတဲ့ ဘောပင်လိုမျိုးလဲ ရှိပါသေးတယ်။တော်တော်လေးလည်း
အပြောများလာပါတယ်။သူ.ကို tablet တွေမှာ အသုံးများပြီး အသုံးပြုသူက electronic
pen ကို အသုံးပြုပြီး သာမန်စော ရးသလို ရေးသား၊ရေးဆွဲခြင်းတွေကို digital (typed
letters ) ပုံစံနဲ. ပြောင်းပေးနိုင်တာမို. လူသိများလာခြင်းဖြစ်ပါတယ်။
KEYBOARDS
ကီးဘုတ်တွေအကုန်လုံးဟာ အတူတူပဲလား.......
Desktop နဲ. Notebook (laptop) အများစုဟာ QWERTY keyboard လက်ကွက်ကို
အသုံးပြုတတ်ကြပါတယ်။ဒီကီးဘုတ်လက်ကွက်ပုံစံဟာ အမြဲတမ်းသုံးတဲ့
အင်္ဂလိပ်လက်ကွက်ပုံစံ ဖြစ်နေပါပြီ။QWERTY ဆိုတဲ့အမည်ကို ရတာကတော့
လက်ကွက်ကိုကြည့်ရင် သိကြမာပါ။ လက်ကွက်ရဲ .ဘယ်ဘက်အပေါ်ထောင့်က
အက္ခရာ၆လုံးကို ကိုယ်စားပြုတာပါ။နှစ်ပေါင်းများစွာ ဘယ်ကီးဘုတ်လက်ကွက်ပုံစံဟာ
အကောင်းဆုံးလဲဆိုတာကို ဆွေးနွေးငြင်းဆိုကြပါတယ်။
Qwerty ကီးဘုတ်လက်ကွက်ပုံစံဟာ typewriters အတွက် ညွန်းခဲ့တာဖြစ်ပြီး
အမြန်ရိုက်နှိပ်ဖို.အတွက် မဟုတ်ပဲ ပုံမှန်လေးသာရိုက်ပြီး
ကီးဘုတ်ပေါ်ကအက္ခရာလေးတွေ jam(block)ခြင်းကနေ ကာကွယ်ဖို.ပဲ ဖြစ်ပါတယ်။သူ.ရဲ .
နှေးကွေးတဲ့ typing speed ကြောင့် qwerty ကီးဘုတ်ကို အကောင်းဆုံးလက်ကွက်လို.
မသတ်မှတ်ပေမယ့် တခြားပိုအဆင်ပြေမယ့် ကီးဘုတ်လက်ကွက်တွေ (ဥပမာ Dvorak
keyboard) ဟာ လူတွေရဲ .စိတ်ဝင်စားမှုကို qwerty လောက် မရရှိလို. Qwerty ဟာ
လူသိအများဆုံး အသုံးများဆုံး ဖြစ်ပါတယ်။ Dvorak က အသုံးများတဲ့ အက္ခ ရာတွေကို
home keys လို.ခေါ်တဲ့ keyboard ရဲ . Middle row (လက်ထားတာ အလယ်တန်း) မာ
ထားလို. Dvorak ကိုသုံးရင် လက်ချောင်းတွေဟာ အဝေးကြီးသွားစရာမလိုတဲ့ အတွက်
စာရိုက်ရတာ ပိုမိုမြန်ဆန်စေပါတယ်။


Duwnload Ebook





Countdown Timer

No comments:

Myanmar Font & KeyBoard


Myanmar Font Download

  • Myanmar3                                 Download
  • Myanmar PaOh One                 Download
  • Uni Heart                                  Download
  • Myanmar punk                         Download
  • MyanmarUnicode        Download

Unicode Keyboard Myasan KB

  •  Unicode Keyboard                          Download
Myanmar3 Keyboard Layout 

  • Keyboard Map                Download

Myanmar Unicode Dicitonary KaNaung Converter& Filename Changer

  • Myanmar Unicode Dicitonary     Download
  • KaNaung Converter                     Download
  • Filename Changer                        Download
  • Myanmar Dictation Book          Download

Followers