Thursday, March 30, 2023

Binance ရဲ့ Bicasso ကို မိတ်ဆက်ခြင်

Binance ရဲ့ Bicasso ကို မိတ်ဆက်ခြင်း ။ ။ AI NFT Generator ကို လော့လာပြီး အထူးသီးသန့် Bicasso NFTs တွေ မျှဝေနိုင်ဖို့အတွက် မိတ်ဆွေသူငယ်ချင်းတွေကို Refer လုပ်ပါ !!

2023-03-27

Binance ရဲ့ Bicasso ကို မိတ်ဆက်ခြင်း ။ ။ AI NFT Generator ကို လော့လာပြီး အထူးသီးသန့် Bicasso NFTs တွေ မျှဝေနိုင်ဖို့အတွက် မိတ်ဆွေသူငယ်ချင်းတွေကို Refer လုပ်ပါ !!

ဒါဟာ ယေဘုယျ ကြေညာချက်တစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ရည်ညွှန်းထားတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေဟာ သင့်ရဲ့ ဒေသမှာ မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

Binance ဝိုင်းတော်သား Binancians တို့ရေ ...

Binance ဟာ အသုံးပြုသူတွေအတွက် တုနှိုင်းမဲ့ အနုပညာဖန်တီးမှုတွေကို စာနဲ့တသွယ် ဓာတ်ပုံတွေနဲ့တနည်း ဖန်တီးနိုင်ပြီး အဆိုပါဖန်တီးမှုတွေကို BNB Chain ပေါ်မှာ NFTs တွေအဖြစ် Mint လုပ်လို့ ရမယ့် AI NFT Generator တစ်ခုဖြစ်တဲ့ Binance Bicasso ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။

၂၉၊ ၃၊ ၂၀၂၃ 12:00 (UTC) ကနေ ၃၀၊ ၃၊ ၂၀၂၃ 00:00 (UTC) အထိ ... Binance အသုံးပြုတွေအားလုံးဟာ Binance Bicasso ပေါ်မှာ NFT တစ်ခုကို Mint လုပ်ခွင့်ရပါမယ်။ ပထမဆုံးရောက်လာသူဟာ ပထမဆုံးတင်ခွင့်ရမယ့် ဦးရာလူစနစ် ဖြစ်ပါတယ်။ သတိပြုရမှာက NFTs ပေါင်း (၁၀၀, ၀၀၀) အထိသာ ခွင့်ပြုပေးထားမှာ ဖြစ်ပြီး နောက်လာမယ့်အနာဂတ်မှာတော့ Binance Bicasso နဲ့အတူ NFT minting အစီအစဉ်တွေကို ထပ်မံပြုလုပ်ပေးသွားဦးမှာပါ။

ပရိုမိုးရှင်း ။ ။ Binance ကို သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ Refer လုပ်ပေးခြင်းဖြင့် "Exclusive Bicasso" တစ်ခု ရယူပါ။

ပရိုမိုးရှင်းကာလ ။ ။ ၂၇၊ ၃၊ ၂၀၂၃ 12:00 (UTC) ကနေ ၂၉၊ ၃၊ ၂၀၂၃ 01:00 (UTC) အထိ။

Binance Bicasso ကို ကမ္ဘာနဲ့တဝန်း မိတ်ဆက်ခြင်း အထိမ်းအမှတ်အနေနဲ့ Binance ဟာ "Exclusive Bicasso" NFT Collection! တွေကို ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ "Exclusive Bicasso" NFT တစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ အသုံးပြုသူတွေအနေနဲ့ ပရိုမိုးရှင်းကာလအတွင်းမှာ အသိမိတ်ဆွေ သူငယ်ချင်းတွေကို Binance ဆီ ဖိတ်ခေါ်ပြီး အကောင့်ဖွင့်ခိုင်းနိုင်ပါတယ်။ Referral တစ်ခု အောင်မြင်တိုင်းမှာ Participation Ticket တစ်စောင် ရရှိမှာ ဖြစ်ပါတယ်။

Participation Tickets အားလုံးကို Pool တစ်ခုတိုင်းမှာ စုထားမှာဖြစ်ပြီး Ticket တစ်စောင်ချင်းဆီတိုင်းကို ရွေးချယ်ခံနိုင်တဲ့အခွင့်အရေးဆတူ ရှိပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့စနစ်ဟာ Tickets တွေကို လွတ်လပ်မျှတစွာ ရွေးချယ်ပေးမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ Ticket ပိုင်ရှင်ကတော့ ဒီ NFT Collection အတွက် ထားရှိတဲ့ NFTs ပေါင်း (၅၀၀) ထဲက NFTs တစ်ခုကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဘယ်လိုပါဝင်ရမှာလဲ ။ ။

  • Binance Bicasso စာမျက်နှာသို့ သွားပါ။ [Invite] ကို နှိပ်ပြီး Referral Link ကို ရယူကာ ပရိုမိုးရှင်းကာလအတွင်းမှာ သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ ပေးပို့ပါ။

  • ပရိုမိုးရှင်းကာလအတွင်းမှာ သင့်ရဲ့ Referrals Registration ပြီးမြောက်နိုင်ဖို့ သေချာစွာ ဆောင်ရွက်ပါ။ အဲဒီနောက်မှာတော့ သင်ရော သင့်ရဲ့ Referral ရောဟာ Participation Ticket တစ်စောင် ရရှိမှာ ဖြစ်ပါတယ်။

  • Participation Tickets အားလုံးဟာ "Exclusive Bicasso" NFT တွေ ရွေးချယ်ပေးမယ့် Tickets Pool ထဲကို ရောက်ရှိသွားမှာပါ။ သင့်အနေနဲ့ အသုံးပြုသူများများ ဖိတ်ခေါ်နိုင်လေ၊ Participation Tickets တွေ ပိုရလေဖြစ်ပြီး "Exclusive Bicasso" NFT Collection! ကနေ NFT တစ်ခု ကံထူးနိုင်မယ့် အခွင့်အရေးကြီးမားလေ ဖြစ်ပါတယ်။

NFT အသုံးဝင်မှုများ ။ ။

  • "Exclusive Bicasso" NFT ကိုင်ဆောင်ထားသူတွေအနေနဲ့ ၂၉၊ ၃၊ ၂၀၂၃ 12:00 (UTC) ကနေ ၃၀၊ ၃၊ ၂၀၂၃ 00:00 (UTC) အထိ ပြုလုပ်မယ့် Binance Bicasso ကို ကမ္ဘာနဲ့တဝန်း မိတ်ဆက်ခြင်း အထိမ်းအမှတ် NFT minting အစီအစဉ်မှာ အခမဲ့တစ်ကြိမ် Minting လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

  • ဒါ့အပြင် "Exclusive Bicasso" NFT ကိုင်ဆိုင်ထားသူတွေအနေနဲ့ Binance ထုတ်ကုန်တွေအတွက် Beta testing မှာ ပါဝင်ခွင့်ရပြီး Binance ရဲ့ ထုတ်ကုန်သစ်၊ လုပ်ဆောင်ချက်အသစ်တွေကို အခြားသူတွေထက် အရင် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့  ကြေညာချက်တွေBlog တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေကို အဆက်မပြတ်စေဘဲ Binance Bicasso နဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေ၊ Updates တွေကို နားစွင့်နေလိုက်ပါ။

အသေးစိတ် အချက်အလက်တွေအတွက် ။ ။

  • Bicasso: ဆန်းသစ်သော AI NFTထုတ်လုပ်မှုစနစ်အား စတင်မိတ်ဆက်ခြင်း

  • Binance Bicasso ကိုဘယ်လိုစတင်ကြမလဲ

  • Binance Bicasso နှင့်ပတ်သတ်၍အမေးများသောမေးခွန်းများ

စည်းမျဉ်းနဲ့ သတ်မှတ်ချက်များ ။ ။

  • ဒီပရိုမိုးရှင်းဟာ ဒီဒေသမှာ မရနိုင်ဘဲ ဖြစ်တတ်ပါတယ်။ အသုံးပြုသူအားလုံးဟာ Binance Bicasso ကို အသုံးပြုခွင့်ရဖို့၊ Mint လုပ်ထားတဲ့ NFTs တွေ ပြန်ထုတ်နိုင်ဖို့နဲ့ ဒီပရိုမိုးရှင်းမှာ အောင်မြင်စွာ ပါဝင်နိုင်ဖို့အတွက် Binance အကောင့် Verified ဖြစ်ထားဖို့ လိုအပ်ပါတယ်။ 

  • အသုံးပြုသူတွေဟာ Mint ထားပြီးသား NFTs တွေ ပြန်ထုတ်နိုင်ဖို့အတွက် အကောင့် အထောက်အထား အတည်ပြုမှုကို ပြီးမြောက်ထားဖို့ လိုအပ်ပါတယ်။

  • အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ NFTs တွေကို Binance NFT Marketplace > My NFTs > Collected မှာ သွားရောက်ရှာဖွေနိုင်ပါတယ်။

ပရိုမိုးရှင်း စည်းမျဉ်းများ

  • Binance Bicasso စာမျက်နှာက Referral Link နဲ့ ပရိုမိုးရှင်းကာလအတွင်းမှာ Binance အကောင့်တစ်ခု ဖွင့်လှစ်လိုက်တဲ့ Referrals တွေကိုသာ ဒီအစီအစဉ်အတွက် အကျုံးဝင်တဲ့ အောင်မြင်တဲ့ Referrals တွေအဖြစ် သတ်မှတ်သွားမှာပါ။

  • Referrers တွေနဲ့ Referrals နှစ်ဦးစလုံးအနေနဲ့ "Exclusive Bicasso" NFT ရွေးချယ်မှုမှာ ပါဝင်ခွင့်ရနိုင်မယ့် Participation Tickets တွေ ရဖို့အတွက် Binance အကောင့်တစ်ခု မဖြစ်မနေ ရှိထားရမှာ ဖြစ်ပါတယ်။

  • ပရိုမိုးရှင်းကာလအတွင်း အောင်မြင်တဲ့ Referral တိုင်းအတွက် Referrer ရော၊ သက်ဆိုင်တဲ့ Referral ရော Participation Ticket တစ်စောင် ကိုယ်စီ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Binance Bicasso ရဲ့ Pilot Waiting List မှာ စာရင်းပေးထားတဲ့ အသုံးပြုသူတွေဟာလည်း Participation Ticket တစ်စောင် အလိုအလျောက် ရရှိသွားမှာ ဖြစ်ပါတယ်။

  • အသုံးပြုသူတွေအနေနဲ့ ပရိုမိုးရှင်းရလဒ်တွေကို Binance Bicasso စာမျက်နှာမှာ ၂၉၊ ၃၊ ၂၀၂၃ 12:00 (UTC) ကစပြီး စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ NFT ကံထူးသူတွေကတော့ Binance ဝဘ်စာမျက်နှာပေါ်မှာ pop-up notification ကနေတဆင့် သိရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ "Exclusive Bicasso" NFTs ကို Binance NFT Marketplace > My NFTs > Collected မှာ သွားရောက်ရှာဖွေနိုင်ပါတယ်။

“Exclusive Bicasso” NFT ကိုင်‌ဆောင်ထားသူတွေ ခံစားခွင့်ရှိမှာကတော့ …

  • ၂၉၊ ၃၊ ၂၀၂၃ 12:00 (UTC) ကနေ ၃၀၊ ၃၊ ၂၀၂၃ 00:00 (UTC) အထိ ကျင်းပမယ့် Binance Bicasso ကမ္ဘာနဲ့တဝန်း မိတ်ဆက်ခြင်း NFT minting အစီအစဉ်မှာ အခမဲ့တစ်ကြိမ် Mint လုပ်နိုင်မယ့် အခွင့်အရေး ရရှိသွားမှာ ဖြစ်ပါတယ်။ 

  • ဒါ့အပြင် “Exclusive Bicasso” NFT ကိုင်ဆောင်ထားသူတွေဟာ Binance ထုတ်ကုန်တွေရဲ့ Beta testing တွေမှာလည်း ပါဝင်ခွင့်ရပြီး Binance ရဲ့ ထုတ်ကုန်သစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေကို အစောဆုံး ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်

သတိပြုရမှာကတော့ “Exclusive Bicasso” NFT Collection ကနေ ရရှိတဲ့ NFTs တွေဟာ non-tradable နဲ့ non-withdrawable တွေ ဖြစ်ပါတယ်။

  • Binance ဟာ ပရိုမိုးရှင်းကာလအတွင်း မရိုးမသားသောနည်းလမ်းများ (သို့မဟုတ်) ရုန့်ရင်းကြမ်းတမ်းတဲ့ ဆောင်ရွက်မှုများ အသုံးပြုလာတဲ့ ပါဝင်သူတွေကို ထုတ်ပယ်ခွင့်၊ ဆုကို ရုတ်သိမ်းခွင့် ရှိပါတယ်။ မရိုးမသားသောနည်းလမ်းများ ဆိုရာမှာ ထပ်ဆောင်းဆုလာဘ်တွေရဖို့အတွက် အကောင့်တုပေါင်းများစွာနဲ့ Registration လုပ်တာမျိုးအပြင် ဥပဒေနဲ့ မညီတာ၊ လိမ်လည်တာ၊ ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။

  • ပါဝင်သူအားလုံးဟာ Binance Terms of Use နဲ့ Binance NFT Marketplace Terms of Use နှစ်မျိုးစလုံးကို တိတိကျကျ လိုက်နာရပါမယ်။

  • Binance ဟာ မည်သည့် ပရိုမိုးရှင်းကိုမဆို (သို့မဟုတ်) မည်သည့် ပရိုမိုးရှင်းစည်းကမ်းတွေကိုမဆို တစ်ဦးတည်း ဆုံးဖြတ်ချက်နဲ့ ဖျက်သိမ်းခွင့်၊ ပြင်ဆင်ခွင့် ရှိပါတယ်။ ဒီပရိုမိုးရှင်းအတွက် Binance ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

  • အခြား ပရိုမိုးရှင်း စည်းမျဉ်းနဲ့ သတ်မှတ်ချက်တွေကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

  • ဘာသာပြန်ဗားရှင်းနဲ့ မူရင်း အင်္ဂလိပ်ဗားရှင်းကြား ကွဲလွဲချက်တွေ ရှိခဲ့ပါက အင်္ဂလိပ်ဗားရှင်းကသာ အတည်ဖြစ်ပါတယ်။

    သင့်ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
    Binance Team
    2023-03-27

Binance ရဲ့ Crypto Trading App (iOS/Android) နဲ့ ကုန်သွယ်လိုက်ပါ။

ကျွန်တော်တို့ကို ဒီနေရာတွေမှာ ရှာဖွေနိုင်ပါတယ်။ 

Binance ဟာ မည်သည့်အချိန်မှာ ဖြစ်စေ မည်သည့် အကြောင်းပြချက်နဲ့မဆို အသိပေးမှု တစုံတရာမရှိဘဲ ဒီကြေညာချက်ကို တစ်ဦးတည်း ဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်ခွင့်၊ ပြင်ဆင်ခွင့် ရှိပါတယ်။

အန္တရာယ် သတိပေးချက် ။ ။ သင့်ရဲ့ NFT တန်ဖိုးဟာ အတက်အကျ ရှိနိုင်ပါတယ်။ NFTs တွေဟာ အန္တရာယ်ကြီးမားတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ မည်သည့် NFT အတွက်မဆို အထောက်အထား အတည်ပြုမှု၊ တရားဝင်မှု၊ စစ်မှန်မှု အစရှိတာတွေအတွက် Binance မှာ တာဝန်မရှိပါ။ NFTs ဟာ နိုင်ငံအများစုမှာ တရားမဝင်သေးပါဘူး။ သင့်ရဲ့ အခြေအနေအပေါ် မူတည်ပြီး Binance ရဲ့ NFT Marketplace ကို ဝင်ရောက်ပါလို့ပဲ ကျေးဇူးပြု၍ အသိပေးပါရစေ။ အခြားအသေးစိတ် အချက်အလက်တွေကို the Binance NFT Terms and Conditions, ကျွန်တော်တို့ရဲ့ Terms of Use နဲ့ Risk Warning မှာလည်း ကြည့်ရှုနိုင်ပါတယ်။

No comments:

Myanmar Font & KeyBoard


Myanmar Font Download

  • Myanmar3                                 Download
  • Myanmar PaOh One                 Download
  • Uni Heart                                  Download
  • Myanmar punk                         Download
  • MyanmarUnicode        Download

Unicode Keyboard Myasan KB

  •  Unicode Keyboard                          Download
Myanmar3 Keyboard Layout 

  • Keyboard Map                Download

Myanmar Unicode Dicitonary KaNaung Converter& Filename Changer

  • Myanmar Unicode Dicitonary     Download
  • KaNaung Converter                     Download
  • Filename Changer                        Download
  • Myanmar Dictation Book          Download

Followers