Saturday, March 28, 2015

USB Transfer Size ကို 64 kb ကနေ 2 MB အထိ မြှင့်ပြီး သုံးရအောင်








ကျွန်တော် အခု​ပြော​မဲ့ နည်း​လမ်း​လေး​ကတော့ ကျွန်တော်​တို့ ကွန်ပျူတာ​မှာ USB Stick ကို​အသုံးပြု​
ပြီး File တွေ​ကို ကူး​တဲ့ အခါ​မှာ အရင်​ရှိ​ပြီး​သား  File Transfer value က 64 kb ပဲ ရှိ​ပါ​တယ် .. အဲ့​ဒါ​ကို ကျွန်တော်​တို့​က 2 MB အထိ​မြှင့်​ပြီး အသုံးပြု​မှာ ဖြစ်​ပါ​တယ် .. File Transfer value မြှင့်​လာ​တော့ မိမိ​တို့ ကွန်ပျူတာ​ထဲ​က​နေ USB Stick ကို File တွေ​ကူး​တာ​ပဲ​ဖြစ်​ဖြစ် USB Stick  ထဲ​က​နေ ကွန်ပျူတာ​ထဲ​ကို File တွေ ကူး​တာ​ပဲ​ဖြစ်​ဖြစ် ပို​ပြီး​တော့ မြန်​မြန်ဆန်​ဆန်​နဲ့ ပြုလုပ်​နိုင်​မှာ ဖြစ်​ပါ​တယ် .. ကျွန်တော် အောက်​မှာ ဘယ်​လို​လုပ်​ရ​မယ် ဆို​တာ​ကို ပုံ​လေး​တွေ​နဲ့ ပြ​ပေး​ထား​ပါ​တယ် ..သေ​ခြာ သဘောပေါက်​နားလည် လိမ့်​မယ်​လို့​လည်း မျှော်လင့်​ပါ​တယ်.  သည်​နည်း​လမ်း​လေး​ဟာ ကွန်ပျူတာ သမား​တွေ​အတွက် အျွှန်​တကယ်​လို​အပ်​မယ်​လို့ ကျွန်တော် ထင်​မိ​လို့ အရင်​က နေမင်း​မောင်(နည်း​ပညာ) ရေးသား​ထား​တဲ့ နည်း​လမ်း​လေး​ကို ကျွန်တော် သိမ်းဆည်း​ထား ပါ​တယ်. ခု​တော့ အများ​အတွက် အသုံးဝင်​စေ​ဖို့ ပြန်လည်​ကာ တင်ပြ မျှဝေ​လိုက်​ပါ​တယ်​ဗျာ....။


အရင္ဆံုး Keyboard မွ Windows + R ကို နှိပ်​ပြီး Run Box ကို​ဖွင့်​လိုက်​ပါ .. ပြီး​ရင် Run Box ထဲ​မှာ regedit လို့​ရိုက်​ထည့်​ပြီး OK ပေးလိုက်​ပါ .. ဒါ​ဆို​ရင် Registry Editor ပွင့်​လာ​ပါ​လိမ့်​မယ် ပြီး​ရင် ‘HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \Control  usbstor  ထိ​အဆင့်ဆင့်​သွား​ပြီး usbstor ကို​ရောက်​ပြီ ဆို​ရင် 05AC12xx  ကို​က​လစ်​လိုက်​ပါ .. ပြီး​ရင် Edit ကို​သွား​လိုက်​ပါ ..  ပြီး​ရင် ဆက်​လုပ်​ရ​မယ့် အဆင့်​လေး​တွေ​ကို​တော့ အောက်​မှာ ပုံ​လေး​တွေ​နဲ့ ပြ​ပေး​ထား​ပါ​တယ် ..
ဒီ​လောက်​ဆို​ရင်​တော့ USB Drive ကို  Transfer value မြှင့်​ပြီး အလွယ်​တ​ကူ အသုံးပြု​တက် သွား​မယ်​လို့ ထင်​ပါ​တယ် .. 
အားလုံးပဲအဆင်ပြေကြပါ​စေ ... ကျေးဇူးတင်​ပါ​တယ်​ခင်ဗျာ .. 
From_Nayminmaung မှပြန်လည် မျှဝေ​ခြင်း​ဖြစ်​ပါ​တယ်.

ဘ​လော့​ခရီးသည် ( မျှဝေ​သူ )
www.aungsanmks.com

No comments:

Myanmar Font & KeyBoard


Myanmar Font Download

  • Myanmar3                                 Download
  • Myanmar PaOh One                 Download
  • Uni Heart                                  Download
  • Myanmar punk                         Download
  • MyanmarUnicode        Download

Unicode Keyboard Myasan KB

  •  Unicode Keyboard                          Download
Myanmar3 Keyboard Layout 

  • Keyboard Map                Download

Myanmar Unicode Dicitonary KaNaung Converter& Filename Changer

  • Myanmar Unicode Dicitonary     Download
  • KaNaung Converter                     Download
  • Filename Changer                        Download
  • Myanmar Dictation Book          Download

Followers