NHM Keyboard for Unicode


ဒီစာကို ဖတ်လို့ရနေပြီဆိုရင် ကျွန်တော်တို့မှာ ယူနီကုတ်ဖောင့် ရှိနေပါပြီ။ ဖောင့်ကို သေချာမြင်ရပြီးတဲ့နောက် ယူနီကုတ်စနစ်ကို စ ရိုက်သုံးကြည့်ကြပါစို့။
ဇော်ဂျီစာရိုက်စနစ်နဲ့ အကျွမ်းဝင်နေသူတွေအဖို့ လက်ကွက်မတူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ယူနီကုတ်ကီးဘုတ်ဆော့ဝဲတွေကို ရုတ်တရက်သုံးဖို့ လက်တွန့်နေတတ်ကြပါတယ်။ ဒါမျိုးက လက်ကွက်ရုတ်တရက်ပြောင်းသုံးရင် ဖြစ်တတ်တာ အမှန်ပါပဲ။ စာလုံးတစ်လုံးနှစ်လုံးလောက်လက်ကွက်မှာ ပြောင်းသွားဟာ စာရိုက်သူရဲ့ အမြန်နှုန်းကို သိသိသာသာ နှေးကွေးသွားစေတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ IT ပညာရှင်တစ်ဦးဖြစ်သူ ကိုရာဗီက စည်းမျဉ်းပေါင်းတစ်သိန်းကျော် ပါဝင်တဲ့ Keyboard File ကို ရေးသားခဲ့ပါတယ်။ အဲဒီကီးဘုတ်ဖိုင်ကို အိန္ဒိယက New Horizon Media ဆိုတဲ့ ကုမ္ပဏီက အခမဲ့ ဖြန့်ဝေတဲ့ NHM Writer ကီးဘုတ်ဆော့ဝဲနဲ့ တွဲဖက်အသုံးပြုရပါတယ်။ အဲဒီကီးဘုတ်ဆော့ဝဲကို အင်စတောလုပ်စရာမလိုဘဲ အလွယ်စမ်းသပ်လို့ရအောင် အိတ်ဆောင်ဗားရှင်းလုပ်ထားတာ ရှိပါတယ်။
၁။ NHM.zip ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။

၂။ အဲဒီဖိုင်ကို Double Click နှစ်ချက်နှိပ်ဖွင့်ပြီး အထဲက Folder ကို ကိုယ်ထားချင်တဲ့နေရာပေါ်ကို Drag ဆွဲချပါ။ (Unzip လုပ်ပါ။)
၃။ NhmWriter.exe ကို ဖွင့်ပါ။ Taskbar ပေါ်မှာ ခေါင်းလောင်းပုံ အိုင်ကွန်လေး ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

၄။ စာစမ်းရိုက်ကြည့်ဖို့ Notepad ကို ဖွင့်ပါ။ Format>Font ထဲမှာ Myanmar3 ကို ပြောင်းပါ။

၅။ Alt+1 ကို နှိပ်ပါ။ ခေါင်းလောင်းပုံလေး ဝါသွားရင် မြန်မာလက်ကွက် ဖြစ်သွားပါပြီ။ Alt+1 ပြန်နှိပ်ရင် အင်္ဂလိပ်လက်ကွက် ပြန်ဖြစ်ပါတယ်။


ထူးခြားချက်များ
၁။ တစ်ချောင်းတင်လုံးကြီးတင်၊ အသတ်အောက်ကမြစ်စတဲ့ စာလုံးစီပုံအမှားတွေကို အလိုလို ပြင်ပေးသွားပါတယ်။
၂။ ဥသတ်၊ သရရစ်၊ သဝေထိုးသရရစ်ရေးချရှေ့ထိုး၊ စလုံးယပငင့် စတဲ့ မြန်မာစာမှာ မရှိတဲ့ စကားလုံးတွေကို သက်ဆိုင်ရာ ဉလေးသတ်၊ အက္ခရာဩ၊ အက္ခရာဪ၊ ဈမျဉ်းဆွဲ စတာတွေကို အလိုလို ပြောင်းပေးပါတယ်။
၃။ လေးထောင့်ကွင်းအပိတ် "]" ကို အင်္ဂလိပ်အက္ခရာတစ်လုံး ရိုက်ချင်ရင် သုံးပါတယ်။ ဥပမာ မြန်မာစာတွေရိုက်နေရင်းနဲ့ အင်္ဂလိပ်အက္ခရာတစ်လုံးတည်းဖြစ်တဲ့ "A" ကို ရိုက်ချင်ရင် "]" ကို အရင်ရိုက်ပါ၊ ပြီးတော့ "A" ကိုရိုက်ပါ။

##သတိပြုရမှာကတော့ NHM သုံးနေတုန်းမှာ Ctrl+Shift စတဲ့ ဝင်းဒိုးထဲမှာ အင်စတောလုပ်ထားတဲ့ ကီးဘုတ်လက်ကွက်တွေအတွက် Shortcut ကို သုံးမရပါဘူး။

မူရင်း=>www.myanmarlanguage.org  ကူးယူဖော့်ပြ သည်။



!ဆော့ဝဲနှင့်နည်းပညာ ပိုဒ့်လေးတွေကိုနှစ်သက်ရင်!
o_Oအောက်ကလင့်လေးတွေက လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာO_o
Logo Design by FlamingText.com

// USER_COMMENTS

Comments