Thursday, January 1, 2015

ဘလော့မှာ ပို့စ်တခုနဲ့တခု နောက်ခံကာလာ မတူအောင် တင်နည်း

မင်္ဂလာပါ  သည်နေ့ ကျွန်တော် ရေးဖြစ်တဲ့ နည်းပညာလေးကတော့  မိမိတို့ ဘေလာ့မှာ  ပို့စ်တွေတင်တဲ့အခါ   ပို့စ် တစ်ခုနဲ့ တစ်ခု နောက်ခံကာလာ  မတူညီအောင် တင်လို့ရမဲ့ နည်းလမ်းလေးကို ရှာဖွေ မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. သည်နည်းလေးကတော့ အရမ်းကိုရိုးရှင်းပြီး

လွယ်ကူတာမို့ အလှ အပ ကြိုက်သူများ  စမ်းသတ်နိုင်ပါတယ်နော်  အောက်မှာ လိုအပ်သောနည်းလမ်းများကို  ပုံလေးနဲ့တစ်ကွ သေခြာ ရှင်းပြလိုက်ပါတယ်..ကဲစမယ်

ပထမဆုံးအနေနဲ့  မိမိတို့ ဘေလာ့ ပို့စ်တင်တဲ့ နေရာကို သွားလိုက်ပါနော်...

     အသုံးပြုရန် ကုဒ်     

<div style="background:url( ဤနေရာတွင်မိမိပုံလင့် ပေါ့နော် ) no-repeat;"> 

သည်ကုဒ်လေးနဲ့ လုပ်ဆောင်သွားပါ့မယ်.... မှတ်ထားလိုက်နော်။
 အပေါ်ကပုံကို သေခြာ ရှင်းပြပါ့မယ်... မိမိတို့ ပို့စ်ဖို့ရောက်ပြီဆိုတာနဲ့.... ပို့စ်တွေကို အရင်ရေးသည်ဖြစ်စေ    ယခု ကျွန်တော်ပြောသော နောက်ခံကုဒ်ကို အရင်တင်သည်ဖြစ်စေ
နည်းလမ်း ၂ မျိုးနဲ့ ကျွန်တော် သေခြာ ရှင်းပြထားပါတယ်... လွယ်ကူပါတယ်...
နည်းလမ်း (  ၁  ) ကတော့ ပို့စ်တွေ စာသားတွေ မရေးသေးဘဲ နောက်ခံ ကုဒ် အရင်ထည့်နည်းပါ။
အိုကေ ရောက်ပြီဆိုတာနဲ့ အပေါ်က Compose  နဲ့ Html ဆိုတာရှိတာ တွေ့ရမယ် ဒါဆို
Html  ဆိုတာကိုကလစ်ပေးလိုက်ပါ  ကုဒ်တချို့ ကျလာမယ် ဖျက်လိုက်ပါ... ဒါဆို
ကျနော် အပေါ်ကပေးထားသော အသုံးပြုရန်ကုဒ် ဆိုတာကို ကော်ပီယူလိုက်ပါ
နောက်  ထည့်ပေးလိုက်ပါနော်... ကုဒ်ထဲမှာ ပုံထည့်ရန်ဆိုတာ ပါတယ်နော်  အဲနေရာ အရေးပါပါတယ်
မိမိတို့ ဘေလာ့နဲ့ လိုက်ဖက်မဲ့  နောက် ဘလော့ကပို့စ်စာသားတွေ နဲ့ ပေါ်လွင်စေမဲ့  နောက်ခံ ပုံမျိုးကို ရွေးချယ် သင့်ပါတယ်... ကျနော် ရွေးချယ်ထားသော ပုံလေးတင်ထားနည်း လင့်ယူနည်း အောက်မှာ ဆက်လက်ပြပေးပါ့မယ်...
အဲလိုကုဒ်တွေ ထည့်ပြီးတာနဲ့  ကုဒ်အောက်ကနေ စာသားတချို့ ရေးလိုက်ပါ... ဥပမာ...မင်္ဂလာပါ
ပေါ့  အဲဆို compose ဆိုတာကိုပြန် ကလစ်ပေးလိုက်ပါတော့... မင်္ဂလာပါ ဆိုတာလေးကနေ စပြီး  မိမိတို့ တင်လိုသော ပို့စ် တွေရေးနိုင်ပါပြီ... ပုံမှန်တိုင်းဆက်လက် ရေးသားပြီး  Publish လိုက်လို့ရပါပြီ..

နည်းလမ်း  (   ၂  ) ကတော့ အောက်မှာဆက်ကြည့်လိုက်ပါ


သူကတော့ ပို့စ်တွေ အားလုံးတင်ပြီး   ရေးသားပြီးမှ  နောက်ခံ ကုဒ်ထည့်သွင်းနည်းလေးပါ..
သည်နည်းလေးကပို လွယ်ကူလိမ့်မယ်လို့ ထင်ပါတယ်  မိမိတို့ေ ရးသားလိုသော ပို့စ်ကို ပြီးသည့်တိုင် ရေးသားလိုက်ပါ ပြီးတာနဲ့  အပေါ်က Html  ဆိုတာကိုကလစ်လိုက်ပါ  အားလုံးဟာ
ကုဒ်ဒင်းတွေအဖြစ် ပြောင်းလည်းလာမယ်  ဒါဆို ကုဒ်အားလုံးရဲ့ ရှေ့ဆုံးကနေ မောက် ချ  အန်တားခေါက်  အေပါ်က လွတ်တဲ့နေရာမှာဘဲ....
ပေးထားသော ကုဒ်ကို ယူထည့်လိုက်ပါ.... ပုံရဲ့ လင့်ပါထည့်ပေးပါ..ဒါဆို Compose ပြန်ကလစ်ပြီး တင်လိုက်ပါတော့နော်...အိုကေပါပြီ....

ပုံတင်ပြီး  လင့်ယူနည်းလေးပါ


ကျွန်တော် ကတော့ www.minus.com  မှာ ပုံကိုတင်လိုက်ပါတယ် တင်ပြီးတာနဲ့
ယူရမဲ့လင့်ကတော့အပေါ်ဆုံးက Direct Link ဆိုတာကိုပါဘဲ..အဲလင့်ကိုယူပြီးတာနဲ့
ပေးထားတဲ့ ကုဒ်ထဲက  ဤနေရာတွင်မိမိပုံလင့် ပေါ့နော်  နေရာမှာ ထည့်ပေးလိုက်ယုံပါဘဲ..
ကဲ အားလုံးအဆင်ပြေပါပြီနော်....
 မှတ်ချက်   ။    ။  ပုံလုပ်တဲေ့နရာမှာ မိမိတို့ ပို့စ်ရဲ့ အလျှား အနံ  ကဘယ်လောက်ထိ ရှိမယ်ဆိုတာတော့
ချိန်သင့်ပါတယ်  ဥပမာ... ပို့စ်ရဲ့ အပေါ်အောက် hight က  1200 ရှိနေပြီး  လုပ်ထားတဲ့ ပုံက 600 လောက်ဘဲဆိုရင်လည်း  ပုံက တိုတိုလေးပေါ်နေမယ်  ပို့စ်အားလုံးကို မခြုံငုံမိနိုင်ပါဘူး..
သတိထားဖို့ ပြောတာပါ..အဆင်ပြေပါစေ...
မပြေတာရှိပါက C-bOX ကိုပြောခဲ့နိုင်ပါတယ်။။။။။။

Logo Design by FlamingText.com

No comments:

Myanmar Font & KeyBoard


Myanmar Font Download

  • Myanmar3                                 Download
  • Myanmar PaOh One                 Download
  • Uni Heart                                  Download
  • Myanmar punk                         Download
  • MyanmarUnicode        Download

Unicode Keyboard Myasan KB

  •  Unicode Keyboard                          Download
Myanmar3 Keyboard Layout 

  • Keyboard Map                Download

Myanmar Unicode Dicitonary KaNaung Converter& Filename Changer

  • Myanmar Unicode Dicitonary     Download
  • KaNaung Converter                     Download
  • Filename Changer                        Download
  • Myanmar Dictation Book          Download

Followers