WinRar ဆော့ဝဲ(လ်)ဖြင့်ဖိုင်ခွဲ ဖိုင်ဆက်နည်း

မသိသေးသူများ အတွက်ပါ အင်တာနက်မှာ ဖိုင်တင်ဘို့ ဝေမျှဘို့ အတွက် ဖိုင်ဆိုဒ် အရမ်းကြီးမား တဲ့ဖိုင်တွေကို ကို
WinRar ဆော့ဝဲ(လ်) အသုံးပြုပြီး ဖိုင်ကို ခွဲထုပ်ပြီးပိုင်းတဲ့နည်းလမ်းလေးပါ.....
 ဒီနည်းလမ်းကို အသုံးပြုဘို့အတွက် WinRar နောက်ဆုံးထွက်ဗားရှင်း လေးကိုအသုံးပြုရမှာဖြစ်ပါတယ်ဗျာ.....
WinRar ကိုအောက်မှာဒေါင်းယူနိုင်ပါတယ်ဗျာ.....



ကဲဖိုင်ဘယ်လို ခွဲမလဲဆိုတာ ဆက်ကြည့်ရအောင်ပါနော်
ကဲကျနော် အခု 5.07 GB ရှိတဲ့ Window 9 ISO အခွေလေးကို 1GB. 5ပိုင်းခွဲပြပေးမှာဖြစ်ပါတယ်ဗျာ.

 အခုမိမိခွဲ ချင်တဲ့ဖိုင်လေးပေါ်မှာ ညာကလစ် ပြီးရင် Add to Archive ကို ကလစ်လိုက်ပါ။



 အနီရောင်ဝိုင်းပြထားတဲ့ နေရာမှာ ကိုယ်ခွဲမဲ့ ဖိုင်ဆိုဒ် ဘယ်လောက်ရှိလဲ ဘယ်နှစ်ပိုင်းပိုင်းမလဲ ဆိုတာကို တွက်ပြီး B,KB,MB,GB စသဖြင့်ရှိတဲ့ အတိုင်းအတာလိုက် ရွေးပေးလိုက်ပါနော် ကျနော်က 5.07 ရှိတဲ့ ISO အခွေကို 6ပိုင်း ပိုင်းမှာဆိုတော့ Split to volumes, Size နေရာမှာ 1 ဘေးက GB  ထားပေးလိုက်ပါတယ်.. ကိုယ်ဖိုင်ဘာအမျိုးစားထားမလဲ RAR .RAR5. ZIP  ကြိုက်ရာတခုခုှမှာမှတ်ထားပေးပြီး Ok ကိုနှိပ်ပြီးဆက်သွားပါ
Pressword နဲ့ထားချင်ရင်လဲ  Set Pressword မှာထည့်ပေးလို့ရပါတယ်....



ဖိုင်ဆိုဒ်အရွယ်အစား အပေါ်မူတည်ပြီး  အချိန်အနှေးအမြန် ကွာပါတယ် ....

 အပေါ်ကပုံလေးက 5.07 GB ရှိတဲ့ ဖိုင်ကို 1 GB ခွဲပြီးရလာတဲ့ ပုံလေးပါ။
အပိုင်းခွဲ ပြီးသာတွေ အင်တာနက်မှာ အပိုင်းပိုင်းတင်ထားတာတွေ ဖိုင်ပြန်ဆက်တဲ့အခါ အောက်ကပုံလေးလို  Part.1 ကိုညာကလစ်ထောက်ပြီး Extract Hear နဲ့ ပြန်ဖြည်ယူရမှာဖြစ်ပါတယ်။ တကယ်လို့ Part.1 Part.2 အမည်မပေးထားလဲ အပိုင်းအားလုံးကိုရွေးပေးပြီး Extract Hear နဲ့ ပြန်ဖြည်လဲရပါတယ်။
ဖိုင်ခွဲ ဖိုင်ဆက်နည်းက တော့ဒီလောက်ပါဘဲ အားလုံးအဆင်ပြေ ကြပါစေဗျာ.....

ဟန်မိုးလွင်(အိမ်လွမ်းသူ)
www.hanmoelwin.com
www.hanmoelwin.co.vu


!ဆော့ဝဲနှင့်နည်းပညာ ပိုဒ့်လေးတွေကိုနှစ်သက်ရင်!
o_Oအောက်ကလင့်လေးတွေက လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာO_o
Logo Design by FlamingText.com

// USER_COMMENTS

Comments