မင်္ဂလာပါဗျာ ဒီနေ့ရေးဖြစ်တဲ့စာအုပ်လေး အွန်လိုင်းမှာ ကိုယ်ကြိုက်တဲ့
Website လေးတွေကို စုစဉ်းပြီး Android Application ရေးတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဗျာ
Application ရေးနည်းစာအုပ်ဆိုလို့
ကျွန်တော်ကို အထင်မကြီးပါနဲ့အုံး Online
မှာFree ပေးထားတဲ့ဆိုဒ်တခုကနေ လုပ်တဲ့နည်းလမ်းလေး ကိုပြန်လည်ဝေမျှ
မှာပါ
ကဲ အဆင်သင့်ဖြစ်ပြီလား အဆင်သင့်ဖြစ်ရင် ကျွန်တော်နဲ့အတူလိုက်ရေးကြည့်ပါ။
ပထမဆုံး Www.appyet.com ကိုသွားလိုက်ပါ အဲ့ဆိုဒ်မှာ အကောက်တခုဖွင့်ဘို့တော့
လိုပါတယ်။
ကဲအကောက်ဖွင့်ဘို့တော့မပြောပေးတော့ဘူးနော်။ ဒီမှာစာအုပ်လေးပါတင်ပေးလိုက်ပါတယ်
------------------------------------------------------------------------
စာအုပ်လေးကအောက်မှာယူလိုက်ပါ
အကောက် ဖွင့်ပြီးပြီဆို စမယ်နော်
Www.appyet.com
မှာ Sign in ဝင်လိုက်ပါ။
Appကိုနှိပ်လိုက်ပါ။ ပြီးရင်Appရဲ့ အမည်ကိုပေးလိုက်ပါ။မြန်မာလိုပေးလဲရပါတယ်
App Name အမည်ပေးပြီးရင်
Package Name မှာကအင်္ဂလိပ်လိုပေးပါ စာလုံးဆက်ရေးရပါမယ် ခြားပြီးရေးလို့မရပါဘူး
Template: မှာဒီအတိုင်းဘဲထားလိုက်ပါ ကျော်သွားလိုက်ပါ။ Create App နှိပ်လိုက်ပါ အောက်မှာနမူနာပုံကြည့်ပါ။
ပြီးရင်နောက်တဆင့်က Details ကိုနှိပ်ပါ။နောက်တမျက်နှာပေါ်လာရင်
မိမိAppရဲ့ Icon ကိုပြောင်းလို့ရပါတယ် Icon ကတော့ ကိုယ်ဘာသာကိုယ်စိတ်ကြိုက်ဆွဲပါ
Icon ဆွဲတဲ့နေရာမှာ ဆိုဒ်အရမ်းကြီးမကြီးပါစေနဲ့ 700×700 pixels လောက်ဆိုအတော်ပါဘဲ
ပြောင်းပြိီးပြီဆိုရင်တော့ နောက်တဆင့် သွားပါမယ် Mudules Tabကိုသွားပါမယ် အဲ့မှာပြင်ဆင်စရာလေးတွေပြင် ဆင်ရမှာပါ ဥပမာ။ ။နည်းပညာဆိုဒ်/ဗွီဒီယိုဆိုဒ်/
စာအုပ်စာပေ/ စသဖြင့်ကိုယ်စိတ်တိုင်းကျသာပြင်ရေးပေတော့ ကျွန်တော်ရေးထားတဲ့
ပုံစံလေးကို ကြည့်ပြီးလိုက်ရေးပေ့ာ အုပ်စုတွေလဲခွဲ လို့ရတာပေါ့ သူအုပ်စုနဲ့သူ...
အောက်မှာ နမူနာပုံစံလေး ပြထားပါတယ်။
ပြီးရင်တော့ ကိုယ်ထည့်ချင်တဲ့ ဆိုဒ်တွေကို Feed
(RSS/Atom)ကိုနှိပ်ပြီးထည့်ရုံဘဲ ဒီနေရာမှာ တခုဖြည့်စွက်ပြောလိုတာက တခြို့ဆိုဒ်တွေက
Feed Post တွေယူလို့မရတာတွေရှိပါတယ် အဲ့ဒါမျိုးတွေမဖြစ်ရအောင် ကျွန်တော်ပြောတဲ့ နည်းလမ်းလေးနဲ့
လုပ်ပါ တော်ကြာ ဆိုဒ်တွေ လင့်တွေထည့်ပြီးမှ APPထဲမှာမပေါ်ဘူး
လို့လာမပြောနဲ့ ဟီး... ကျွန်နော်တုံးက အဲ့လိုကြုံဘူးလို့
ထည့်ပြောပေးတာပါ
Feed ပို့တွေယူလို့ရမရ
ကိုယ်ထဲမဲ့ဆိုဒ်ထဲကိုသွား ပြီးရင် နမူနာပုံနှင့်တကွပြပေးထားပါတယ်
ကဲအဲ့လောက်ဆို ကိုယ့်စိတ်ကြိုက် Website တွေထည့်လို့ရပြီပေ့ာ
ကဲနောက်တဆင့်က ကျေးဇူးတင်စကား(သို့)အသုံးပြုနည်းလေးပါ ထည့်ရေးလို့ရပါသေးတယ်
လုပ်နည်းကအောက်မှာ ပုံလေးနဲ့ပြထားပေးပါတယ်
စာရေးတဲကနေရာမှာ သတိထားရမှာက Html နဲ့ရေးပြီးကူးယူလပါ အဲ့ဒါမှ
Appမှာပေါ်မှာပါ ဆက်ကြည့်လိုက်ပါအုံး။
ကဲအားလုံး ပြီးပြီဆိုရင်တော့ Appသိမ်းလေးကို ကိုယ်ပြုလို့ရအောင်သိမ်းရအောင်
ပြီးမှ ဆိုဒ်ပေါ်တင်ချင်လဲတင် ကိုယ်သူငယ်ချင်းတွေကို ပေးချင်လဲပေး အဲ့ဒါက တားတားနဲ့ဆိုင်ဘူး.......
အဲလိုသိမ်းပြီးတာနဲ့ ကိုယ့်အီးမေးလ်ထဲ Www.appyat.com
ကမေးပို့တဲ့ထဲမှာ Appလေး ရောက်လာပြီပေ့ာ။
ကဲ Website လေးတွေ Android Application ရေးနည်း လေးကတော့ဒီမှာဘဲအဆုံးသတ်ပါပြီ
အားလုံးဘဲ ရွင်လန်းခြမ်းမြေ့ပါစေဗျာ
နောက်လဲ လေ့လာမိသမျှ ပြန်လည်မျှဝေပေးသွားပါမယ်ဗျာ
ဟန်မိုးလွင်(အိမ်လွမ်းသူ)
!ဆော့ဝဲနှင့်နည်းပညာ ပိုဒ့်လေးတွေကိုနှစ်သက်ရင်!
o_Oအောက်ကလင့်လေးတွေက လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာO_o
1 comment:
မင်္ဂလာပါ ခင်ဗျာ။
ကျနော်က www.knowledgesharing.tk နဲ ့ http://dagontharlay.blogspot.co.ukမှာ ရေးသားနေပါတယ်ခင်ဗျာ။ ပါဝင်ကူညီအားဖြည့်ပေးဖို ့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကူညီနိုင်မယ်ဆိုရင် ph 09421016224 နဲ ့ 09799558891ကို ဆက်သွယ်ပေးပါခင်ဗျာ။ ဒီ post လေးနဲ ့ တွဲသုံးနိုင်မယ်apkလေးပါခင်ဗျာ။
https://www.dropbox.com/s/m30a8ip1iqu503p/%E1%80%99%E1%80%AD%E1%80%99%E1%80%ADwebapp%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8.apk?dl=0
ကျေးဇူးတင်ပါတယ်
Post a Comment