Nokia ဖုန်းတွေမှာ ဇော်ဂျီကီးဘုတ်အသစ်

မင်္ဂလာပါ

Symbian သုံးဖုန်းဖြစ်တဲ့ Nokia ဖုန်းတွေမှာ ဇော်ဂျီကီးဘုတ်အသစ် ရပါပြီ။ အစောပိုင်းကတော့ Opera Mini မှာ မြန်မာလို မြင်ရအောင် လုပ်ထားကြတော့ Web Text Editor လေးနဲ့ Opera Mini ထဲမှာပဲ ဇော်ဂျီကို ရိုက်လို့ရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် Responsive အနေနဲ့ မရေးခဲ့တော့ ဖုန်းအနေအထားပေါ်မူတည်ပြီး အဆင်မပြေဖြစ်တာ များပါတယ်။
ဟိုး အရင်ကလည်း Nokia ဖုန်းတွေအတွက် ကီးဘုတ်တစ်မျိုး ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ် ထည့်ဖို့ရာ သိပ်အဆင်မပြေပါဘူး။ ဖုန်းကို Hack ထားမှ ထည့်လို့ရပါတယ်။ Hack ထားရင်တောင်မှ မူလရှိပြီးသား ကီးဘုတ်နေရာမှာ အစားထိုးခွင့် မပေးတာမျိုးလည်း ရှိပါတယ်။
ယခုနည်းကတော့ ကျွန်တော် တရုတ်ဆော့ဖ်ဝဲလ် Baidu Input ရဲ့ Skin ကိုသာ ဆွဲထားတာ ဖြစ်တဲ့အတွက် ဖုန်းကို Hack ထားဖို့လည်း မလိုပါဘူး။ Baidu Input ဆော့ဖ်ဝဲလ်ကိုသွင်းပြီး ကိုယ်ဆွဲထားတဲ့ ဇော်ဂျီကီးဘုတ် Skin ကို ၎င်း Baidu Input မှာ ရွေးပေးလိုက်ရုံပါပဲ။

ထည့်နည်းလိုအပ်သော File များကို Download လုပ်လိုက်ပါ။ ပြီးနောက် Memory ထဲသို့ ကူးထည့်ပါ။
DOWNLOAD    လုပ်ပြီး   WinRAR ZIP က Pressword တောင်းရင် www.myanmarfamily.org ထည့်ပေးပါ

အဆင့် ၁ ။ ။ Baiduinput_symbian3_v5_v3.1_1000e.sisx ကို ဖုန်းထဲ၌Install လုပ်ပါ။
အဆင့် ၂ ။ ။ C:\baidu\input\touchskin ထဲသို့ Zawgyi-Keyboard.bds ကို Copy ကူးထည့်ပါ။ ဒီတိုင်းထည့်မရလျှင် ကွန်ပျုတာနဲ့တွဲပြီး ထည့်ကြည့်ပါ
ဒီအဆင့်ထိကတော့ ဆော့ဖ်ဝဲလ်ထည့်ခြင်း ပြီးပါပြီ။
ဇော်ဂျီကီးဘုတ် ပြောင်းနည်း
Application Menu ထဲမှ Du ဆိုသော Icon လေးကို ဖွင့်ပါ။ တရုတ်လိုတွေ ပေါ်လာပါလိမ့်မယ်။
နံပါတ် ၁ ကိုရွေးပါ။
နံပါတ် ၁ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။ နောက်တစ်ခု တက်လာလျှင် အပေါ်ဆုံးတရုတ်စာ ပါတာကို ရွေးပါ။ AknFEP သည် မူလ ကီးဘုတ်ဖြစ်သည် )

နောက်သို့ ပြန်ထွက်ပါ။
နံပါတ် ၄ ကိုရွေးပါ။
နံပါတ် ၄ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။
ပုံစံ ရွေးခိုင်းပါလိမ့်မည်။ ဒုတိယ Tab ကိုသွားပါ။ Baidu-Zawgyi-Keyboard ကိုရွေးနှိပ်လိုက်ပါ။ Popup တက်လာလျှင် အပေါ်ဆုံး တစ်ခုကို ရွေးပေးပါ။ ဒုတိယတစ်ခုသည် ထည့်ထားသော Skin ကို Delete လုပ်ခြင်းဖြစ်သည်။ )

အဆင့်ဆင့် Back ပြန်သွား၍ ထွက်လိုက်ပါ။
Message မှာ စာဝင်ရိုက်ကြည့်၊ ကီးဘုတ်ပေါ်က အင်္ဂလိပ် အလံလေးကိုနှိပ်ကြည့်ပါဦး။ စာရိုက်မရသေးပါက ညာဖက် အပေါ်ဆုံးရှိ တရုတ်စာကို နှိပ်ပါ။ Horizontial ကိုရွေးလိုက်ပါ။ဇော်ဂျီ ကီးဘုတ် ပေါ်လာပါလိမ့်မယ်။
ရိုက်နည်းကတော့ ပုံမှန်အတိုင်းပါပဲ။ ပါဌ်ဆင့်တွေကိုတော့ မူရင်းစာလုံးနေရာတွေမှာ ထည့်ထားပါတယ်။ ဥပမာ ဆ ရဲ့ ပါဌ်ဆင့်ကိုရိုက်မယ်ဆိုရင် ဆ ကိုဖိထားလိုက်ရုံပါ။
အိုကေ စာတော့ ရိုက်လို့ရသွားပါပြီ။ စာရိုက်ဖို့အတွက် ကီးဘုတ် သတ်သတ်ပါပဲ။ Font ကိုမြင်ရဖို့ကတော့ Font Zoomer လိုမျိုး Font ပြောင်းတဲ့ ဆော့ဖ်ဝဲလ်သုံးပြီး ပြောင်းပါ။ Zawgyi Font ပြောင်းလိုက်လျှင် ဖုန်းထဲ၌ တရုတ်စာ မြင်ရတော့မည် မဟုတ်ပါ။
Baidu ထဲမှ နံပါတ် ၄ ကို ပြန်နှိပ်ပြီး နောက်ခံများ ပြောင်းလဲနိုင်ပါတယ်။ ပို၍သပ်ရပ်သော ကီးဘုတ်လေး ရပါလိမ့်မယ်။

 ကီးဘုတ်လေးကဒီမှာဒေါင်းလိုက်ပါနော်   ဒီလင့်ကပါ

မူရင်းလင့်ခ် -->

Logo Design by FlamingText.com
 ဟန်မိုးလွင် (အိမ်လွမ်းသူ)

// USER_COMMENTS

Comments