အင်တာနက် Setting

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀ဝိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ Internet Setting ချိန်ရန် Menu > Setting > Wireless & Networks > Mobile Network > Access Point Names ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ ၊ New APN ကို ရွေးပါ။ Name : mptnet APN : mptnet Proxy : မရိုက်ရ Port : မရိုက်ရ Authentication type : PAP or CHAP (ရွေးချယ်လိုက်ပါ) အထက်ပါ စာများ ရိုက်ပြီးသွားလျှင် Menu ခလုတ်နှိပ်ပြီး Save ဖြင့်ထွက်လိုက်ပါ။ Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီ။ Credit to >> Myanmar Journal https://www.facebook.com/myanmardaily.net =============================================================================================================================================================================== ==========================================

// USER_COMMENTS

Comments