Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်

Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်


ဒီဆောစ့်ဝဲလ်လေးကိုပြောရရင်  Memory ကတ်ထဲမှာ အရေးကြီး Data တွေဖြစ်ဖြစ်
အများမသိစေချင်တဲ့ Data တွေဖြစ်ဖြစ် ထည့်ထားတဲ့သူတွေအတွက် အသုံးဝင်မယ့် ဆောစ့်ဝဲလ်လေးပါ

 ဘာဖြစ်လို့လည်းဆိုတော့ ဒီဆောစ့်ဝဲလ်လေး အသုံးပြုထားရင် 
မန်မိုရီကတ် ပျောက်သွားတာတောင် ကတ်ထဲက ဒေတာတွေ အခြားသူတွေ ယူလို့မရနိုင်ပါဘူး
မတော်တဆ မန်မိုရီကတ် ပျောက်သွားလို့ တစ်ခြားတစ်ယောက်က ကောက်ရခဲ့ရင် 
ကောက်ရခဲ့သူက ဘယ်ကွန်ပျူတာမှာဘဲထည်ပြီးတော့ ဖွင့်ဖွင့် ဘာဖိုင်မှမြင်ရမှာမဟုတ်ပါဘူး 
အပေါ်က ဓာတ်ပုံအတိုင်း သုံးဖိုင်လေးဘဲဖြစ်ရမှာပါ
 ပြီးတော့ မန်မိုရီက 576KB လောက်ဘဲရှိတဲ့ ဖိုင်ဆိုဒ်အနေနဲ့တွေ့ရမှာပါ
တကယ်လို့ format လုပ်လိုက်တယ်ဆိုရင်လည်း 576KB လောက်ရှိတဲ့ ပမာဏကိုတွေမြင်ရမှာဆိုတော့
မန်မိုရီကတ်ကို ကောက်ရတဲ့သူ အနေနဲ့ အသုံးပြုလို့လည်းမရပါဘူး 
ဒါကြောင့် သုံးသင့်တယ်လို့အကြံပေးချင်ပါတယ် 
သူက free ဖြစ်တဲ့အတွက် 4G အထိဘဲ Password ထည့်လို့အဆင်ပြေပါတယ်
http://kashu-sd.co.jp/ မှာ Download လုပ်နိုင်ပါတယ်

လုပ်ဆောင်ချက်တွကို Pdf ဖိုင်နဲ့ တစ်ခါတည်းပါပြီးသားပါ 
လုပ်ဆောင်ချက်အနေနဲ့ပြောရင် အရင်ဆုံး ဆောစ်ဝဲလ်ကို Install လုပ်ပါ 
ပြီးရင် ကိုယ် password ထည့်မယ် မန်မိုရီကတ်ထဲက ဒေတာတွေကို 
(အကုန်လုံး)ကွန်ပျူတာရဲ့တစ်နေရာထားလိုက်ပါ 
ပြီးရင် ဆောစ့်ဝဲလ်ကို ဖွင့်ပြီး Update ကိုကလစ်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း 
format လုပ်ခိုင်းပါမယ် လုပ်လိုက်ပါ (မလုပ်ခင် ကွန်ပျူတာရဲ့တစ်နေရာမှာ ဒေတာတွေသိမ်းထားပါ)
လုပ်ပြီးသွားရင် Password ထည့်ရပါမယ် ပြီးတော့ ok ကိုကလစ်လိုက်ပါ 
အဲဒါဆို မန်မိုရီကတ်က Password ထည်ပြီးသားလေးဖြစ်ပါသွာပြီ
4G ရဲ့ မန်မိုရီက  576KB ဖြစ်သွားပါမှာ မန်မိုရီကတ်ထဲဝင်ကြည့်လိုက်ရင်

အပေါ်ဆုံးက ပုံအတိုင်း ဖိုင်သုံးဖိုင် ဒါမှမဟုတ် နှစ်ဖိုင်ကိုမြင်ရမှာပါ
(ဘယ်ကွန်ပျူတာမှာဘဲ မန်မိုရီကတ်ကို ထည့်ထည့်)
USd Enter ဆိုတဲ့ဖိုင်ကို ကလစ်လိုက်ရင် 
အပေါ်ဆုံးက ဓာတ်ပုံအတိုင်း Password တောင်းတဲ့ Box လေးကိုတွေ့ရမှာဖြစ်ပါတယ်
ကိုယ်အရင်ဖြည့်ခဲ့တဲ့ Password လေးကိုရိုက်ထည့်လိုရင် 576KB ကနေ 4G အဖြစ်ပြန်လည် တွေ့ရမှာပါ
အဲဒါဆို ကိုယ်ရဲ့ ဒေတာတွေကို ကွန်ပျူတာကနေ ပြန်ပြီးတော့ မန်မိုရီကတ်ထဲကို ထည့်နိုင်ပါပြီ
ဘယ်ကွန်ပျူတာဘဲ ဖွင့်ဖွင့် အပေါ်ဆုံးက ပုံအတိုင်းပေါ်လာမှာပါ 
အဲဒါဆို Password ဖြည့်ပြီး အသုံးပြုနိုင်ပါတယ် အဆင်ပြေပါစေ 
နောက်တစ်ခုကတော့ သုံးရတာ အလုပ်ရှုပ်တယ် စိတ်ရှုပ်တယ် မသုံးချင်တာ့ဘူဆိုရင်
(ဒါမှမဟုတ် Pass မေ့သွားခဲ့ရင်  Insatll လုပ်ထားတဲ့ ဆောစ့်ဝဲလ်ကိုဖွင့်ပါ Operation>>>uinstall လုပ်လိုက် Pass မေ့သွားတဲအတွက် ကတ်ထဲက ဒေတာတွေတော့ ဆုံးရှုံးရမယ်)
ဆောစ့်ဝဲလ်လေးကို Install လုပ်ထားတဲ့ ကွန်ပျူတာထဲမှာ မန်မိုရီကတ်ကို ထည့်လိုက်ပါ
Password လေးနဲ့ဖွင့်ပြီးတော့ ဒေတာတွေကို ကွန်ပျူတာရဲ့တစ်နေရာမှာထားလိုက်ပါ 
ပြီးသွားရင် မန်မိုရီကတ်ကိုဖြုတ်ပြီး ကွန်ပျူတာပြန်ထည့်ပါ ပြီးရင် 
Insatll လုပ်ထားတဲ့ ဆောစ့်ဝဲလ်ကိုဖွင့်ပါ Operation>>>uinstall
ထဲဝင်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း ok ကိုကလစ်ပြီးတော့ ပြန်ဖြုတ်နိုင်ပါတယ်/။         



အမျိုးကောင်းသားဆီမှကူးယူဖော်ပြသည်။

// USER_COMMENTS

Comments