ASUS ZenFone5 T00j Version-4.4.2 ကို Root ဖေါက်မြန်မာစာသွင်းနည်း
မင်္ဂလာပါ ကျွန်တော် သည်အပါတ်ဆောင်းပါးမှာ ရေးသားဖြစ်တဲ့ နည်းပညာလေးကတော့ ASUS ဖုန်း ( ZinFone5 ကို မြန်မာစာထည့်သွင်းတဲ့နည်းလေးဘဲ ဖြစ်ပါတယ်... သည်နည်းလေးကိုတော့ ကျွန်တော် ဖုန်းတလုံးကို လက်တွေ့လုပ်ဆောင်ပြသထားပြီး အဆင်ပြေစွာ မြန်မာစာကို အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
နည်းလမ်းနဲ့လိုအပ်သော ဆော့ဝဲလ်တွေကို အောက်မှာ လုပ်ဆောင်နည်းနဲ့အတူ ပြသပေးထားပါတယ်နော်... အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
ZenFone တွေမှာ အမျိုး မျိုး ရှိကြပါတယ် ဒါကြောင့် Root ဖေါက်တဲ့နေရာမှာလည်း ကွာခြားသွားတတ်ပါတယ် တချို့ APK နဲ့အောင်မြင်တာတွေ ရှိသလို ခုလို ကွန်ပျူတာနဲ့ လုပ်ဆောင်ရတာလည်း ရှိပါတယ်.. ဒါကတော့ ASUS T00j ( Version . 4.4.2 ) ကိုကျွန်တော်လက်တွေ့ လုပ်ဆောင်ပြသထားခြင်းဖြစ်ပါတယ် လိုအပ်တာလေးတွေကိုတော့ အောက်မှာ ကြည့်လိုက်ပါနော်..
လိုအပ်သောဆော့ဝဲလ်များ
ဒေါင်းရန်လင့် ( http://pc.cd/9xX7 )
ဒေါင်းရန်လင့် ( http://pc.cd/qCX7 )
ဒေါင်းရန်လင့် ( http://pc.cd/hxX7 )
အပေါ်မှာပေးထားတဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့အတွက် USB Driver နံပါတ် ( ၁ ) ဆော့ဝဲလ်ကို မိမိတို့ ကွန်ပျူ တာမှာ Install ပေးလိုက်ရမှာဖြစ်ပါတယ်...
နောက် မိမိတို့ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်ပေးလိုက်ပါနော်..ပြီးတာနဲ့ Root ဖိုင်ဒေါင်းထားတဲ့ Zip File လေးကို ကွန်ပျူ တာမှာဖြည်ပေးလိုက်ကြရအောင်
ဒေါင်းလို့ရထားတဲ့ Zip ဖိုင်ကို မောက်တင် ညာကလစ်ပေးပြီး Extract File ဆိုတာကိုကလစ်ပေးလိုက်ပါ
ဘောက်လေးတစ်ခုတက်လာမှာဖြစ်ပါတယ် အဲဘောက်လေးမှာ OK ကိုဘဲကလစ်လိုက်ပါ။
ဖိုင်ပြေသွားတာနဲ့ Floder အဝါလေးတခုထွက်လာမှာဖြစ်ပါတယ် အဲဖိုင်လေးကို ၂ ချက်ကလစ်ဖွင့်ပေးလိုက်ပါ။
အိုကေ ဖိုင်လေးပွင့်လာတာနဲ့ အထဲမှာ ရှိတဲ့ Root-ZenFone5-en ဆိုတာလေးကို ရှာပြီး Double ကလစ်ပေးလိုက်ပါနော်...
ဒါဆို မိမိတို့ ကွန်ပျူ တာမှာ CWM လေးတက်လာပြီး အလုပ်စတင်လုပ်ဆောင်နေပါပြီ..
Press any Key ဆိုတာပေါ်လာတာနဲ့ ကွန်ပျူ တာမှာ နံပါတ် ( ၁ ) ခလုပ် (သို့ ) Enter တခုခုကို တချက် ခေါက်ပေးလိုက်ပါ။
ကွန်ပျူ တာမှာရော ဖုန်းမှာပါ ဘာမှလုတ်စရာမလိုပါဘူး ထိုင်ကြည့်နေရုံလေးပဲ
မိမိရဲ့ကွန်ပျူ တာမှာ အောက်မှာပြထားတဲ့ပုံလေးအတိုင်းပေါ်နေမှာဖြစ်ပါတယ်
CWM recovery တွေ Auto Install လုတ်မှာနေမှာဖြစ်ပါတယ်ဗျာ
Install လုတ်ပီးသွားတာနဲ့ဖုန်းဟာ အော်တို ပါ၀ါကျလာမယ် နောက်တခါ ပါ၀ါပြန်တက်မှာဖြစ်ပါတယ် USB မဖြုတ်သေးနဲ့အုံး သည်တိုင်းဘဲ ဆက်ကြည့်နေလိုက်ပါနော်
မိမိရဲ့ကွန်ပျူ တာမှာ အောက်မှာပြထားတဲ့ပုံလေးအတိုင်းပေါ်နေမှာဖြစ်ပါတယ်
CWM recovery တွေ Auto Install လုတ်မှာနေမှာဖြစ်ပါတယ်ဗျာ
Install လုတ်ပီးသွားတာနဲ့ဖုန်းဟာ အော်တို ပါ၀ါကျလာမယ် နောက်တခါ ပါ၀ါပြန်တက်မှာဖြစ်ပါတယ် USB မဖြုတ်သေးနဲ့အုံး သည်တိုင်းဘဲ ဆက်ကြည့်နေလိုက်ပါနော်
နောက်တစ်ခါ Reboot ( ပါ၀ါ ) ကျအုံးမှာဖြစ်ပါတယ်
Reboot ၂ခါကြသွားပီးပြန်တက်လာပီးဆိုရင်တော့ SuperSU လေးမြင်ရပီဖြစ်ပါတယ်ဒါဆို ဖုန်းတခုကို Root လုပ်ဆောင်ခြင်း အောင်မြင်ပြီလို့ ပြောလို့ရပါပြီ။
Reboot ၂ခါကြသွားပီးပြန်တက်လာပီးဆိုရင်တော့ SuperSU လေးမြင်ရပီဖြစ်ပါတယ်ဒါဆို ဖုန်းတခုကို Root လုပ်ဆောင်ခြင်း အောင်မြင်ပြီလို့ ပြောလို့ရပါပြီ။
အိုကေ ဖုန်းမှာ ၂ ကြိမ် တိုင်တိုင် ပါ၀ါ အော်တိုကျ ပြန်တက်လာပြီ ဆိုတာနဲ့ ကြိုးတွေ ဖြုတ်လို့ရပါပြီ
ဖုန်းကိုကြည့်လိုက်နော်
သည်လောက်ဆို အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်.. မြန်မာစာအတွက်ကိုတော့ မိမိတို့ သုံးနေကျ မြင်နေကြ ဖြစ်တဲ့ MM Aio Font Changer ဆိုတာလေးနဲ့ အသုံးပြုလိုက်လို့ရပါပြီ..
သည်နည်းလမ်ကို စာအုပ်အဖြစ် ဒေါင်းယူလိုပါက
ဘလော့ခရီးသည် ( နည်းပညာမျှဝေသူ )
No comments:
Post a Comment