Google တို့ ဝင်ငွေရပုံရနည်း

--------------------------------------------------------------------------------------------------------------
Google ရဲ ့ ငွေရပုံရနည်းက Google စီအီးအိုကပဲ အားလုံး သိပါလိမ့်မယ်။ ကျနော်တို့ End User ဘက်က မြင်ရသလောက်လေး အနည်းငယ် မျှဝေရုံလေး သက်သက်ပါ။

Search Engine

Search Engine ကိုမြန်မာလို အရှာအင်ဂျင်လို့တော့ ဘာသာမပြန်မိပါစေနဲ့။ ကျနော်တို့ နေ့စဉ်ရှာဖွေနေတဲ့ Facebook တို့။ အခြားသော အမျိုးမျိုးသော ဝဘ်ဆိုဒ်တို့ရဲ ့ လိ်ပ်စာကို Google က သိမ်းဆည်းပေးထားပါတယ်။ ပြီးတော့ ကျနော်တို့က Search Bar မှာရိုက်လိုက်တဲ့အခါ ပေါ်လာအောင် Engine က လုပ်ဆောင်ပေးပြီး Link တွေပေးပါတယ်။


ဒီတော့ အလွယ်ဆုံး ဥပမာ အရဆိုရင် ရွှေတိဂုံဘုရားကို တက်ဖို ဓာတ်လှေကား စီးတဲ့အခါ ဓာတ်လှေကားက ဓာတ်လှေကားစောင့်မှ ထွက်တဲ့အခါ စပယ်ပန်းလေးတွေဝယ်ပါလို့ သူပြောတယ်လေ။ စပယ်ပန်းသည် အတွက်သူ ပရိုမိုးရှင်းရောဆင်းလိုက်တာပေါ့။ ဒီလိုပါပဲ။ ကျနော်တို့က Search Engine ကနေ တစ်ခုခုကို ရှာလိုက်တဲ့အခါ မှာ ကြော်ငြာတွေ တွဲတွဲပြီးပါလာတယ်။ သတိထားကြည့် ပါ တွေပါလိမ့် မယ်။ ပြီးတော့ အဲ့လိုရှာလိုက်ရင် ကိုယ့်ဟာကို အရင်ဦး စားပေးပေါ်အောင်လုပ်ဖို့ကလည်း Google ကိုငွေသွင်းရပါတယ်။ ယင်းနည်းလမ်းကနေ ငွေရပါတယ်။ နေ့စဉ် အမေရိကန်ဒေါ်လာ သိန်းချီ၊ သန်းချီဝင်နေတဲ့ အရာတစ်ခုပါ။

Google Blog

Blog တွေတစ်ခုခုပြီးတစ်ခုလုပ်ကြတယ်။ ဖန်တီးကြတယ်။ Google က အလကားပေးတာပါ။ Free ပေးပါတယ်။ နောက်မှ ကိုယ်လိုသလို Upgrade လုပ်ပေါ့။ ဖရီးအတိုင်းသုံးလည်းအဆင်ပြေပါတယ်။

အလွယ်ဆုံး ဥပမာ အရ - ကုန်စည်ပြပွဲစီစဉ်သူက ပြခန်းတွေကို မရောင်းပဲလကားပေး လိုက်တယ်။ ပြီးတော့ လူစည်ကားတဲ့ ပြခန်းတွေမှာ ပွဲစီစဉ်သူ စိတ်ကြိုက်ကြော်ငြာလေးတွေ ထည့်ခွင်တောင်းပါတယ်။ တစ်ခန်းလုံး အလကားပေးထားမှတော့ လက်ကမ်း စာစောင်ဖြစ်ဖြစ်၊ ဘေလ်ဘုတ်သေးသေးလေး ဖြစ်ဖြစ် လာတင်တာမျိုးကို ပြခန်းက လက်ခံရမယ်လေ။ သို့ပေမယ့် Google က ကော်မရှင်ခ ပေးပါတယ်။ ဒါကို Google Ads လို့ခေါ်ပါတယ်။

Google Ads

Google Blog တွေတစ်ခုပြီးတစ်ခုဖန်တီးကြတော့ လူကြည့်များလာရင် Google Ads ဖွင့်ကြတယ်လေ။ ဒီတော့ Google ကလည်း သူ့ကြော်ငြာတွေ ကို ထည့်သွင်းပါတယ်။ လုပ်ငန်းရှင်ဘက်နေရတဲ့ ငွေကို Google က Blog ဖန်တီးသူကို ပြန်ခွဲပေးတဲ့ သဘောပါ။ တစ်နေ့တစ်နေ့ Google Blog က revenue ဟာ ကန်ဒေါ်လာ သန်းချီပါတယ်။

Google ရဲ ့ Blog တွေတင်မကပဲ အခြားသော ဝဘ်ဆိုဒ်တွေမှာလည်း Google က ပွဲစားသဘောမျိုးလုပ်ပေးပါတယ်။ ငါတို့ ကြော်ငြာတွေ နင်တို့ ဆိုဒ်မှာလာထည့်ပေးမယ်။ ကော်မရှင်ခပေးဆိုတဲ့ သဘောမျိုးပေါ့။ ဒီနည်းနဲ့လည်း Google Ads က ဝင်ငွေ ရပါသေးတယ်။

Google Mail

Google ကပေးတဲ့ Email Service က အားလုံးသိတဲ့အတိုင်း အခမဲ့ပါ။ သို့ပေမယ့် Mail ကိုဖွင့်တဲ့အခါ သေချာကြည့်ပါ။ ကြော်ငြာလေးတွေ တွေ့ပါ လိ့မ်မယ်။ ယင်းကနေလည်း ရပါတယ်။ Gmail ကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များက Memory တိုးကြပါတယ်။ အခမဲ့နဲ့ မလုံလောက်တဲ့ အတွက် ဘယ် GB ပမာဏကို ဘယ်လောက်ဆိုပြီး ဝယ်ကြတော့ ယင်းကနေလည်း ပိုက်ဆံ ရပါတယ်။

Youtube

Youtube က ၂၀၀၆ နိုဝင်ဘာမှ Google တို့ဝယ်လိုက်တာပါ။ Google Ads နဲ့ ရောလိုက်ပြီး ဗီဒိယိုတွေကြည့်တဲ့အခါ အမြင်ရှုပ်စေတဲ့ ကြော်ငြာလခ့် များကို တွေ့ရပါလိမ့်မယ် ယင်းနည်းလမ်း နဲ့လည်း ငွေဝင်ပါတယ်။

Google Play

သူ့ကို ကုမ္မဏီမှာ တစ်သီးတစ်သန့်ခွဲထားပါတယ်။ သို့ပေမယ့် Google ဝင်ငွေအနေနဲ့ ထည့်တွက်နိုင်ပါတယ်။ Google Play ကနေ Android အတွက် App တွေ နေ့စဉ် Upload နေတာ။ ဝင်ငွေ ဘယ်လောက်ရှိမယ် ဆိုတာ စာရေးသူတောင် မခန့်မှန်းနိုင်ပါဘူး။

ွGoogle Map

မြေပုံ Service ပေးတာ အလကားမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ လမ်းညွှန်လေးတွေထည့်ပေးတဲ့အခါ ကြော်ငြာတွေလည်းတွဲပါတယ်။ အင်တာနက် မြန်ဆန်တဲ့နိုင်ငံတွေမှာ ပိုတွေ့နိုင်ပါတယ်။ Directory ကို ဖန်တီးထားပြီး ယင်းထဲမှာ ကိုယ့် Business လိပ်စာတွေထည့် မယ်။ ကြော်ငြာတွေထည့်မယ်။ ဒီအတွက် Google က ပိုက်ဆံယူပါတယ်။

Google Drive

အွန်လိုင်းသိမ်းဆည်းစရာ နေရာလေး တစ်ခုပေါ့။ အခမဲ့ပေးတဲ့ ပမာဏ ရှိပြီး ပိုလိုအပ်ရင် ဝယ်သုံးရပါတယ်။ ယင်းကနေလည်း Google တို့ ဝင်ငွေ ရပါတယ်။

အခြားအခြားများ

Google ဝင်ငွေရပုံရနည်းကို အသေးစိတ်သာ ရေးရရင် ဝတ္ထုစာအုပ်တစ် အုပ် ဖြစ်သွားလောက်အောင်ကို များပြားပါတယ်။ Wallet, Photo, Google Plus, News, Reader, Book, Shopping အစရှိသဖြင့် များပြားလှအောင် စုံစုံလင်လင်ကို စီးပွားရေး လုပ်ကြပါတယ်။ ဒါကြောင့် Google ရဲ ့ တစ်စက္ကန့်ဝင်ငွေဟာ ဒေါ်လာ ၇၀၀ ဝန်းကျင်အထိ ရှိရတာပါ။

ဒါကြောင့် Google ဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး ရှာဖွေနိုင်တဲ့ Internet-related services တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။
-
အောင်ခမ်း ( Smart Pro Journal )

// USER_COMMENTS

Comments