အရှင်ဆန္ဒါဓိက (ရွှေပါရမီတောရ)

၁၉၆၈ ဇန်နဝါရီ (၉)ရက်။ အင်္ဂါနေ့တွင် ရေနံချောင်းမြို့ သူဌေးကုန်း ရပ်ကွက်၌ ခမည်းတော် ဦးစိန်ဝင်း။ မယ်တော် ဒေါ်သိန်းသိန်းတို့မှ ဖွားမြင်သည်။- ၁၉၈၄ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို ရေနံချောင်းမြို့။ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယ ရလျှက် အောင်မြင်သည်။- သုံးထပ်ကွမ်း လူရည်ခွှျန်အဖြစ် ၈တန်း။ ၉တန်း။ ၁၀တန်း တို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။- ၁၉၈၄ ခုနှစ် ဆယ်တန်း အောင်မြင်ပြီးနောက် သာဿနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ပြီး အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ပရိယတ္တိ စာပေများ လေ့လာ ဆည်းပူးခဲ့သည်။- ၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။-၁၉၉၈ ခုနှစ်တွင် အသက် ၃၀ ပြည့် ပုလဲရတုမွေးနေ့ အထိမ်းအမှတ် အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။- ယခုအခါ သထုံမြို့ ကေလာသတောင်။ ရွှေပါရမီ တောရကျောင်း၌ တစ်ပါးတည်း ဧကစာရီတောရ ဆောက်တည်လျှက် ပရိယတ်။ ပဋိပတ်အလုပ် အားထုတ်လျှက်ရှိသည်။ http://www.shweparami.net/

// USER_COMMENTS

Comments